လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး ခေါ်ဆောင်နေတဲ့ သွေး နောက်ကို
သဇင် လဲ လိုက်ခဲ့မိတယ်

" မ ဘာစားချင်လဲ "

" သွေး စားတာပဲ စားမှာ "

" အဲ့တာဆို ကြာဇံကြော် စားမလား ဟိုရှေ့က ဆိုင်မှာ ကြာဇံကြော် ကောင်းတယ် " သွေး က လက်ညိုးညွှန်ပြရင်း ပြောလာတယ်

" သွေး သဘောပါဆို "

" သွေး သဘော သွေး သဘော နဲ့ မ နော် အသည်းယားလာရင် လူကြားထဲ ဖတ်နမ်း လိုက်မှာ ".

" ဟာ...သွေး နော် ပေါက်ကရတွေ ပြောမနေနဲ့ "

ဆိုင်ကို ရောက်တော့

" ခဏလေးထိုင်နေ မ သွေး သွားမှာလိုက်ဦးမယ် ပါဆယ် ပဲ မှာလိုက်မယ်နော် မ "

" အင်း....."

ခဏကြာတော့ ဖော့ဗူးလေးနဲ့ထည့်ထားတဲ့ ကြာဇံကြော်ရတော့ သဇင် တို့ လဲ စျေးဝယ်ဖို့ အစီစဥ် ဖျက်ပြီး အဆောင်ကို ပြန်လာလိုက်တယ်

စားသောက်ပြီးနောက်

" မ သွေး အိပ်ချင်ပြီ "

" အင်း အိပ်တော့လေ သွေး မ လဲ အိပ်တော့မယ် မနက်ကျ မယုလာခေါ်မှာ မို့လား "

" သွေး တစ်ယောက်ထဲ မအိပ်ချင်လို့ "

" ဟင်...." သဇင် မျက်လုံးပြူးသွားတယ်

" ကုတင် က သေးသေးလေးလေ သွေး ရဲ့ နှစ်ယောက် အိပ်လို့မှ မရတာ "

" မ က သွေး နဲ့ မအိပ်ချင်လို့လား " မျက်မှောင်ကြုတ်ပြီး မေးလာတဲ့ သွေးကို

" မဟုတ်ဘူးလေ ကွာ ကုတင်က သေးလို့ သွေး အအိပ်ခက်မှာစိုးလို့ပါ "

" သွေး က ရတယ် " ဟု ပြောလဲ ပြော လူကလဲ သဇင့် ဘေးသို့ ဝင်လှဲလာတယ် ပြီးတော့ သူ့လက်မောင်းပေါ်အိပ်ဆိုတဲ့ ပုံစံနဲ့ လက်မောင်းကို ပုတ်ပြတယ်

" အာ မဟုတ်တာ သွေး ရယ် " ပြောပြီး ထိုင်နေတဲ့သဇင့်ကို သွေး ကစိတ်မရှည်သလို ပုံစံ နဲ့ သဇင့်ကို ဆွဲချလိုက်တော့
အိုင်တင်ခံပြီးငြင်းနေတဲ့ မဆွတ်ခင်ထဲက ညွတ်ချင်နေတဲ့ သဇင့်က
သွေး လက်မောင်း ပေါ် လှဲ လိုက်ပြီးသား ဖြစ်သွားတယ်လေ

အမုန်း၏ အခြား တဖတ် ၌जहाँ कहानियाँ रहती हैं। अभी खोजें