အပိုင်း (၁၇)

Start from the beginning
                                    

"ဝေးရမယ် ဆိုတဲ့စကားကို မပြောပါနဲ့  မ ရယ် စကားလုံးတောင် သွေး မကြားချင်လို့ပါ "

" အင်းပါ ခလေး ရယ် မ နောက်တစ်ခါ မပြောတော့ပါဘူး ဒါနဲ့ အခု အိမ်သွားတာ အဆင်ပြေရဲ့လား"

" ဟုတ် ပြေပါတယ် မ " ပြောပြီး သွေး က သဇင့် ရှေ့မှာ ဒူးထောက်ချလိုက်ကာ

" မ သွေး ကို လက်ထပ်ခွင့်ပေးပါလားဟင် "

" ဟင် သွေး ဘာလုပ်တာလဲ ထ ပါ "

" သွေး ကို လက်ထပ်ခွင့်ပေးပါ " သွေး က ဒူးထောက်နေရာကနေ မထ ပဲ ဆက်ပြောလာတယ်

" သွေး ရယ်.... မ တို့ က အခုမှ " သဇင့်စကားက ရှေ့ဆက်မလာ

" တွေ့ခဲ့ကြတာ မကြာသေးဘူးဆိုတာ လဲမှန်ပါတယ် ချစ်ခဲ့ကြတာ မကြာသေးဘူးဆိုတာလဲ သွေး သိပါတယ် ဒါပေမယ့် သွေး မ ကို အဆုံးရှုံးမခံနိုင်လို့ပါ "

" ..........."

" အင်းပါ မ ဘက်က သွေး ကို လက်ထပ်ဖို့မဖြစ်နိုင်သေးဘူးဆိုလဲ သွေး ရဲ့ ကံပေါ့ သွေး တို့လို လိင်တူ စိတ်ဝင်စားမိတဲ့သူတွေက
ကိုယ့်ရဲ့ပါတနာ သာ ကိုယ့်ဘက်မှာ မရှိရင် ဘာမှ လုပ်လို့မရတဲ့ အခြေနေတွေလေ "  ပြောရင်း သွေး က မျက်ရည်ဝဲကာ မတ်တပ်ရပ်လာပြီး လက်စွပ်ဗူးလေး ကို ပြန်သိမ်းလိုက်တယ်

" မ လက်ခံပါတယ် " ဒီကလေး မျက်နှာပျက်သွားတာကို သဇင် မမြင်ချင်ဘူး ဒီကလေး ဝမ်းနည်းနေမှာကိုလဲ သဇင် မလိုလာဘူးလေ

" ဟာ မ တကယ်ပြောတာနော် "

" အွန်း တကယ်ပေါ့ " ပြောရင်း မ က ချစ်စဖွယ် အပြုံးလေးနဲ့ သွေး ရှေ့ကို လက်သူကြွယ်လေး ထိုးပေးလာတယ်

" ဝမ်းသာလိုက်တာ မ ရယ် " သွေး လဲ ကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း လက်စွပ်လေးထုတ်ကာ မ ရဲ့ လက်မှာ ဝတ်ပေးလိုက်တယ် လက်မှန်းနဲ့ဝယ်လာပေမယ့် သွေး ရဲ့ အချစ် က စစ်မှန်လို့ထင်ပါရဲ့ လက်နဲ့က ကွက်တိပဲ (ဟိ ကိုယ့်ဘက်ကိုယ်ရပ်တာ)

" ဝမ်းသာတယ်လဲ ပြောသေး ဘာလို့ မျက်ရည်ကျတာလဲ ခလေးရဲ့ "

" မျက်ရည်က အခုဏ ကျချင်နေတာလေ မ က လက်ခံတယ်ဆိုတော့ ဝမ်းသာတာရော ဝမ်းနည်းတာရော ပေါင်းပြီးကျလာတာ"

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now