အပိုင်း (၁၁)

Start from the beginning
                                    

ကောင်တာ မှာ ထိုင် နေတဲ့ သွေး ရဲ့ ဖခင် ဦးဟံသာ ကို တွေ့လိုက်ပေမယ့် သွေး ခပ်တည်တည် ပဲ ခုဏ မှာခဲ့တဲ့ ဝန်ထမ်းကောင်မလေး ဆီ လျောက်လာခဲ့လိုက်တယ်

" သွေးဟေမာန် သမီး "
ခေါ်သံကို ကြားပေမယ့် သွေး လှည့်မကြည့်

" ဖုန်း က နှစ်လုံးတောင် ယူတာဆို သမီး ဘာလုပ်ဖို့လဲ"

" ကျုပ် မေမေ ပိုင်တဲ့ ဆိုင်က ဖုန်းက ကျုပ်က ဘယ်နှစ်လုံးယူယူ ယူခွင့် မရှိဘူးလား "

" သမီး စကားပြောတာ မရိုင်းနဲ့ "

" မရိုင်းစေချင်ရင် လာမပြောနဲ့ " တစ်လတ်စထဲ ဝန်ထမ်းကောင်မလေးဘက်လှည့်ပြီး

" ပြီးပြီလား"

" ဟုတ် ပြီးပြီ အမ"

" အေး ပေးတော့ " သွေး လဲ ကောင်မလေးဆီက ဖုန်းထည့်ထားတဲ့ အိတ်ကို ဆွဲယူပြီး ပြန်ထွက်လာခဲ့တယ် တကယ်မမြင်ချင်ဘူး

အဆောင်ရောက်တော့ သဇင်က ဖုန်းကြည့်နေရှာတယ်
သွေး လဲ အပြင်မှာထွက်လာတဲ့ ဒေါသ ကို ထိန်းလိုက်ပြီး

" မ "

" ဟင် "

" ဆေး ထည့်ပြီးပြီလား "

" အွန်း ထည့်ပြီးပြီ "

" မ ခဏ ထ ဦး"

" ဘာလို့လဲဟင် "

" ထ ပါ ဆို မထ ရင် သိတယ် နော် "

" ထ ပြီ ထပြီ " ကြောက်အားလန့်အားနဲ့ ထ လာရှာတဲ့ သဇင့်ကို ကြည့်ပြီး ရယ်ချင်သွားတယ်

သွေး က သဇင့်ရှေ့မှာ ဒူးထောက် ထိုင်ချ လိုက်ပြီးနောက်

" သွေး ဘာလုပ်တာလဲ ထ ပါနော် "

" မ သွေးကို ခွင့်လွှတ်ပေးပါနော် "

" ခွင့်လွှတ်တယ်လို့ ပြောပြီးပြီလေ သွေး ရယ် ထ ပါ "

" မ ကို ပေးစရာ ရှိလို့"

" ဘာလဲဟင်"

" မ,  မငြင်းဖူးလို့ အာမခံလား "

" ကဲ ထပြီး ပြောပါ သွေး ရယ် သွေး ရဲ့ အာ့လိုပုံမျိုး သဇင် မမြင်ချင်ဘူး"

" မ "

" ပြောလို့ "

" မ အတွက် သွေး ဖုန်း ဝယ်လာတဲ့ သွေးက အတူတူ ကိုင်မယ်လေ နော် "

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now