အပိုင်း (၇)

Start from the beginning
                                    

(ကျွတ် စိတ်ညစ်ရာပါလေ) သွေး ရဲ စိတ်ရှုပ်ရှုပ်နဲ့ တောသူမ ရဲ့ ကြောပြင်ကို ကြည့်လိုက်မိတယ်

(အား....ပါး.... ပါး လှလိုက်တဲ့ ဆံပင်ကြီး) ဆံပင်အရှည်တော်တော်များများကို မြင်ဖူးပေမယ့် အခုလို အရောင်မပါတဲ့ နက်မှောင် နေတဲ့ သဘာဝကျကျ ဆံပင်မျိုးကိုတော့ အခုမှတွေ့ဖူးခြင်းဖြစ်တယ်

ဘာလို့ ဒီတစ်ယောက်မှာ ဆွဲဆောင်မှု ရှိရတာလဲ အရာရာတိုင်းက တစ်ခါကြည့်မိယုံရင် မျက်လုံးမလွှဲချင်လောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာဟာဘာကြောင့်လဲ

ဒါပေမယ့် သွေး စိတ်ထဲမှာတော့ သူ့ကို မုန်းနေသည်မှာ အမှန်ပင်
========================

နှစ်ယောက်သား အခန်းထဲမှာ တစ်နေသာကုန်သွားတယ် စကားမပြောဖြစ်ခဲ့ ဒီနေ့ကျ သွေးကလဲ ဘယ်မှ မသွား

ညနေစောင်းတော့ သဇင် လဲ တစ်နေကုန် ထထိုင်လိုက် ပြန်လှဲလိုက်လုပ်နေရာကနေ ကြောညှောင်းလာသဖြင့် မယု နဲ့ သွားစကားပြောမယ် ဟု တွေးကာ ထွက်ဖို့ အလုပ်

စိုင်းစိုင်း ရဲ့ မင်းစော်ထက်ငါ့စော်ပိုမိုက်တယ် သီချင်းကို ကြားလိုက်ရတယ်

သွေး ရဲ့ ဖုန်းလာတာ မှန်းသဇင် သိတယ် သဇင် လဲ ဘာစိတ်ကူးပေါက်သွားသည် မသိ အပြင်မထွက်တော့ပဲ ကုတင်မှာပြန်ထိုင်နေလိုက်တယ်

"Hello သရဖီ ပြော"

" အေး....သွေး ဒီည Bar သွားကြမလား ရွှေပြည်သာမှာ Bar ဖွင့်တယ်လို့ ကြားတယ် " သွေး က Speaker ဖွင့်ပြောနေတာမို့ သဇင် အကုန်ကြားနေရတယ်

" ဘယ်သူတွေ ပါမှာလဲ "
" အကုန်ပါမှာ တစ်ဖွဲ့လုံး ရတနာတို့လဲ လိုက်မယ်"

" ok မင်းတို့ ထွက်လာရင် တို့ ကို ဖုန်းဆက် "

" ok.... ok "

မြို့ကို မရောက်ဖူးပေမယ့် Bar ဆိုတာ ဘယ်လို နေရာမျိုးလဲ ဆိုတာ သဇင် သိတယ်

သဇင် လဲ အရဲစွန့်ပြီး သွေး နားကပ်လာကာ

"သွေး" သဇင် ခေါ်လိုက်မိတယ်

" ဘာလဲ " အသံက တော့ ထုံးစံ အတိုင်း ခပ်မာမာပင်
သွေး ရယ် မင်းလေသံလေး ပျော့ပျောင်းပေးဖို့ အစီစဥ် မရှိဘူးလားကွာ

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now