အပိုင်း (၁)

ابدأ من البداية
                                    

အကိုလေး ပေးတဲ့ စာရွက်ကို လှမ်းယူရင်း

" ဟုတ်ကဲ့ပါ ကိုလေး"

" ဟော ဟိုမှာ ညီမလေး စီးရမယ့်ကားလာနေပြီ သွားတော့ "

" ဟုတ် " သဇင် လဲ ကားပေါ်တက်လာခဲ့လိုက်တယ်
ရန်ကုန်ဆိုတာ သဇင် အခုမှ ရောက်ဖူးမယ့် နေရာလေ
ကားမစီးဖူးတော့ ကားပေါ်တက်လိုက်တာ နဲ့ မူးတော့တယ်

ဒါကိုကြိုသိတဲ့ ကိုလေး က ဆေးတွေရော ခေါင်းကပ်ပလာစတာတွေရော စုံလို့ ထည့်ပေးလိုက်တာ

သဇင် တို့ ဆီ နဲ့ ရန်ကုန်က တစ်နာခွဲလောက်ပဲ စီးရတာလေ

ရန်ကုန်ရောက်တော့ ကိုလေးပေးတဲ့နာပါတ်ကို ခေါ်လိုက်ပြီး
" ဟဲလို မယုယ လား မသိဘူး"

" ဟုတ်ပါတယ် ဘယ်သူလဲရှင့်"
" ညီမ နာမည်က ခေတ်သဇင်လှိုင်ပါ ကိုလင်းမောင် က ဖုန်းဆက်ခိုင်းလို့ "

" အော် ကိုလင်း ညီမ လား အခု ရန်ကုန် ရောက်ပြီလား"

" ဟုတ် ရောက်နေပါပြီ အမ "

" အဲ့ ကားဝန်းက ပဲ စောင့်နေနော် အစ်မ လာခေါ်လှည့်မယ် ဆယ်မီးနစ်လောက်ပဲ ကြာမယ်"

" ဟုတ် အမ "
ပြောပြီး ဖုန်းချသွားတယ်
==========================

" သွေး ရေ"
ယုယ လှမ်းခေါ်လိုက်တော့

" ပြောပါ မယုယ " " အစ်မ နဲ့ ခဏ အဝေးပြေးလိုက်ခဲ့ကွယ် လူသွားခေါ်စရာရှိလို့ "

" ဟုတ် အစ်မ ခဏ " ဟု ပြောပြီး သွေးက အခန်းထဲဝင်လာကာ အင်္ကျီလက်ရှည် ထပ်ဝတ်လိုက်သည်။

အသားဖြူ တဲ့ ရှမ်း၊မွန်း ကပြားမလေး သွေးက ဘယ်တော့မှ အပြင်ထွက်ရင် အပေါ်ထပ် မပါပဲ မထွက် ဒါကို သိတဲ့ ယုယ ကလဲ စောင့်နေလိုက်တယ်

ခဏကြာတော့ သွေးက ထွက်လာပြီး

" ရပြီ အစ်မ သွားတယ် တက္ကစီ ငှားမှာ မို့လား "

" အင်း ငှားမှာ သွေး "

" ဒါဆို ကျွန်တော် ထွက်ငှားလိုက်မယ် အစ်မ ဒီကပဲ စောင့်နေ"

ပြောပြီး သွေး က အဆောင်ကနေထွက်သွားတယ်
သိပ်မကြာဘူး အဆောင်ရှေ့ ကို တက္ကစီ စိုက်လာတော့ သွေးမှန်း သိတာနဲ့ ယုယ လဲ ထွက်လာပြီး ကားပေါ်တက်ကာ

" လှိုင်သာယာ အဝေးပြေးကို ဘယ်လောက်လဲ "

" 40000 ပါ အမ " ကားသမားရဲ့ ဖြေသံ

" အဝေးပြေးဝန်းထဲဝင်လို့ရတယ် မဟုတ်လား"

" ရတယ် အမ "

ယုယ လဲ ခုဏ နာပါတ်ကို ပြန်ဆက်လိုက်ပြီး

" ဟဲလို "

" အင်း ညီမ အမ တို့ထွက်လာပြီး ခဏနေ ရောက်မယ် ညီမ က ဘယ်နားမှာလဲ "

" ပုသိမ်လမ်း ဆို လား ပဲ အမ အဲ့လမ်းထိပ်မှာ"

" အေးအေး ဘယ်သူလာခေါ်ခေါ်လိုက်မသွားနဲ့ အဲ့ကနေပဲစောင့်နေ"

ယုယ မှာပြီး ဖုန်းချ လိုက်တယ် ကိုလင်းက ပြောဖူးတယ် သူ့ညီမ က ရန်ကုန် အခုမှ ရောက်ဖူးတာတဲ့ အဝေးပြေးဝန်းက ကားပွဲစား ကယ်ရီ သမားတွေကလဲ သိတဲ့အတိုင်း မအူမလည်နဲ့ ပါသွားမှ အခက်
===============

မယုယ က ရောက်တော့မယ် ဖုန်းဆက်တော့ သဇင် နည်းနည်းစိတ်သက်သာရာ ရ သွားတယ်

သဇင် ရပ်နေတဲ့ ၅ မီးနစ်လောက်အတွင်းမှာတောင် အိတ်လာဆွဲတဲ့သူတွေ အတင်းဘယ်သွားမှာလဲ လာမေးနေတဲ့သူတွေ အများကြီးပဲ

ခဏနေတော့ သဇင့် ဖုန်းလေး ပြန်မြည်လာတယ်
ကြည့်တော့ မယုယ သဇင်ဖုန်းကိုင်လိုက်ချင်းပဲ
သဇင့်ရှေ့ကို ကားတစ်စီးထိုးရပ်လာတယ် ပြီးတော့ မိန်းကလေးတစ်ယောက်ဆင်းလာပြီး

" ညီမ က ခေတ်သဇင်လှိုင် လား" မယုယ မှန်းသိလိုက်တယ်
သဇင့်ထက်တော့ အသက်ကြီး ပုံရတယ်
" ဟုတ်ပါတယ် အမ "
" အေး...အေး ဒါဆို ကားနောက်ထဲ ညီမ အိတ်တွေထည့်လိုက်
အကိုရေ ကားနောက်ဖုံးလေး ဖွင့်ပေးပါဦး"

မယုယ ပြောတာနဲ့ သဇင် လဲ ကားနောက်ဖုံးထဲ အိတ်တွေ သယ်ထည့်လိုက်တယ်

" သွေး အရှေ့မှာ ထိုင် လိုက်ပါလား " မယုယ အသံကို ကြားနေရတယ်
မရှေးမနှောင်းမှာပဲ ကားပေါ်ကနေ တစ်ယောက် ဆင်းလာပြီး ကားအရှေ့ခန်းမှာဝင်ထိုင်လိုက်တာကိုတွေ့ရတယ်

" ကဲ သဇင် ကားပေါ်တက်တော့ သွားမယ်"

" ဟုတ် "

သဇင် ကားပေါ်ရောက်တာနဲ့ မယုယ လဲ ဝင်ထိုင်ပြီး ကားက အဝေးပြေးကနေ ပြန်ထွက်လာခဲ့တယ်

အပိုင်း ၂ ဆက်ရန်

အမုန်း၏ အခြား တဖတ် ၌حيث تعيش القصص. اكتشف الآن