" ရှောင်းကျန့်ကသူ့အိမ်သူမပြန်တော့တာလား မသိဘူး အန်တီ "

တူမဖြစ်သူကထိုသို့မေးလာတော့ အဒေါ်ဖြစ်သူမှာပြန်ဖြေဖို့စဉ်းစားရမလားဖြစ်နေတယ်။သူ့တူမပြောသလိုပဲ...ရှောင်းကျန့်ကသူ့အိမ်သူမပြန်တော့ဘူးလား? စလာတည်းကအချိုးမပြေတဲ့ပုံလေးမို့ကြည့်မရပါဘူးဆိုဒီတစ်သက်မပြန်ဘူးဆိုရင်လည်း သခင်မစုယွဲ့ယွဲ့နဲ့ရန်ဖြစအောင် မြောက်ပေးရမှာပဲ။

ဒီကောင်လေးအိမ်ပေါ်ကဆင်းသွားနိုင်ဖို့ကဒီတစ်နည်းပဲရှိတယ်။

အပြင်ဘက်မှာခြေသည်းထိုင်ညှပ်နေတဲ့ရှောင်းကျန့်ကိုမြင်တော့အစေခံအဒေါ်ကြီးချိုးချိုးကအကြံရသွားတယ်။အကြံကတော့ဒီကောင်လေးအတင်းကိုဒီကောင်လေးကြားအောင်အော်ပြောရမှာပဲ။

အိမ်မှာရှိတာဆိုလို့သူတို့တူရီးနှစ်ယောက်ရယ်၊ကျန်တဲ့အိမ်စေရယ်၊ရှောင်းကျန့်ဆိုတဲ့ကောင်စုတ်လေးပဲရှိတယ်။အိမ်ကသခင်မစုယွဲ့ယွဲ့နဲ့သခင်လေးရိပေါ်နဲ့သခင်လေးရိချန်းကအပြင်ထွက်စျေးဝယ်တယ်တဲ့။သခင်ကြီးကအလုပ်မှာဆိုတော့အေးဆေးရယ်။

" ဟဲ့ နင်တို့သိလား ! တစ်ချို့ကောင်တွေများ အရှက်မရှိသူများအိမ်ပေါ်တက်နေနေတာ ! အိမ်ရှင်ကဖြင့်လက်မခံချင်တော့တာကိုဇွတ်ကိုအတင်းနေချင်လို့ သနားပြတဲ့သူရှိသေး "

" ဟုတ်ပ ဒေါ်လေးရယ် အဖေသေတယ်ဆိုပြီးသနားစရာဇာတ်လေးတွေလုပ်ကြံဇာတ်လေးတွေဖန်းတီးမယ် ဟုတ်တယ်မလား ဒေါ်လေး "

" အော်သိပ်ဟုတ်တာပေါ့ငါ့တူမရယ် "

အစကတော့ကိုယ့်ကိုမကောင်းကြောင်းပြောနေတော့ ရှောင်းကျန့်စိတ်ထိန်းလိုက်ရပါတယ်။ငါကဧည့်သည်ဆိုပြီးစိတ်ထိန်းထားပေမယ့်လည်းဖေဖေကိုလာဆွဲထည့်ပြောနေတော့ ရှောင်းကျန့်စိတ်မထိန်းနိုင်ခဲ့ဘူး။အလကားနေ လူကိုစိတ်တိုအောင်လာဆွတာဆိုလို့ဒီတူရီးနှစ်ယောက်ပဲရှိတယ်။ဖေဖေအကြောင်းကိုမပြောရဲအောင်ပညာပြကိုပြရမယ်။

ရှောင်းကျန့်အကြောင်းကိုမသိကြသေးဘူးထင်တယ်။

" ချိုးချိုး !!! "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now