မြင်တယ်မို့လား နှစ်ယောက်စလုံးမျက်နှာထားတွေက…”

“အေးပါ … အေးပါ .. “
မဝါ စကားကို ‌မမရီက အသိမှတ်ပြု  ထောက်ခံသည်…

@@@

ကျွန်မ အခုတလော နားထင် တစ်ဝိုက် တဆစ်ဆစ် ကိုက်ခဲ နေတတ်သည်..

ညညဆိုလည်း ကြိုးစားပြီ အိပ်ပျော်အောင်အိပ်ပါသည်..

ဒါပင်မယ့် အိပ်လို့မပျော် ..

ဪ ငါ့စိတ်ကြောင့်ပဲလို့ ကိုယ့်ကို ကိုယ် ဆင်ခြင်တွေးတောပြီ သူ့ အကြောင်းကို မတွေးမိအောင် ကြိုးစားသည်..

ကိုယ့် အနာဂတ်အကြောင်းကိုလည်း မတွေးမိအောင် ကြိုးစားသည်..

ကြိုးစားမေ့လေ ပိုတွေးမိလေ ဖြစ်နေသည်…

ညဘက်အိပ်မပျော် အိပ်ရေးမ၀တော့ လူကလည်း နုံ့ချိ လာသည်..

အိမ်ကို ဖုန်းဆက်တိုင်း  အဖေ နဲ့ အမေ အသံကြားတိုင်း အားလုံးကို
လွှတ်ချပြီ အိမ်ပြန် ချင်သည်..

အမေ နဲ့ အဖေကတော့ ကျွန်မ ကို အပြစ်တင်မှာ မဟုတ်ပါဘူး..

အထူးသဖြင့် ကျွန်မအဖေ ..
အဖေက ကျွန်မကိုဆို သိပ်ချစ်ရှာသည် ..

အဖေတို့ အိမ်ထောင်ဦးဘ၀အစ အဖေတို့ မပြည့်စုံခင်ကတည်းက ငါ့သမီးက မပြည့်စုံခြင်း ဒုက္ခကို မျှခံစားပေးခဲ့တာ..

သူများကလေးတွေ လို ဂျီလည်းမကျ ဘူး ..

အဖေ တွင်ခုံက နေပြန်လာရင်လေ  ငါ့သမီးက အဖေ အတွက် ရေတစ်ခွက်
ပြေးပြေးခပ်ပြီ တိုက်ရှာတာ …

ထိုစကားကိုတော့ ကျွန်မအဖေက ကျွန်မသိတတ်စအရွယ်ကနေ အခုချိန်ထိ မမေ့မလျော့ ပြောရှာသည်..

တွေးရင် အဖေ ကိုလွမ်းပါသည် .. အဖေ့ကို လွမ်းလို့ အိမ်ပြန်ပြီ ဟိုးအရင်ကလို ကျွန်မ ပျော်နိုင်ရင် သိပ်ကောင်းမည် …

သူ့ကို မေ့နိုင်ရင်လည်း သိပ်ကောင်းမည် ...

မေ့နိုင်ရင်ဆိုတော့ ကျွန်မ မေ့ရော မေ့ချင်ပါသလား ကျွန်မကိုယ် ကျွန်မပြန်မေးမိသည်..

အမှန်တိုင်းပြောရရင် မမေ့ချင်ပါဘူး …

အချိန်တိုကာလ အတွင်း ကျွန်မ ရဲ့ ငယ်ငယ်ကပျော်ရွှင်ခြင်း အိမ်မက်ကလေးများကို ထွေးပိုက်ခွင့်ရခဲ့သည့် အခိုက်တန့်လေးမဟုတ်လား...

Old Love ( အရွယ်လွန် အချစ် )Hikayelerin yaşadığı yer. Şimdi keşfedin