ညခင်းစာအပြင်ထွက်စားမည်ဖြစ်သောကြောင့်တေးအလှဆုံးပြင်ဆင်ထားမိသည်မိတ်ကပ်မကြိုက်သူဖြစ်၍ပါးပါးလေးသာလိမ်းကာနုတ်ခမ်းနီးပန်းရောင်ထူထူလေးဆိုးထားသည်
ဂျောင့်......
တံခါးပွင့်လာသောကြောင့်ရုတ်တရက်လှည့်ကြည့်မိလိုက်ရာအပေါ်ပိုင်းအဝတ်ဗလာ နှင့်အောက်ပိုင်းတဘက်တထည်သာပတ်ထား၍ရေဆိုနေသောမဟာ၏ကိုယ်လုံးကိုအတိုင်းသားမြင်လိုက်ရကာတေးတယောက်ခေတ်တမျှငေးကြည့်မိလိုက်သည်
" ရှင်..ရှင်ဘယ်လိုကြီးထွက်လာတာလဲကျွန်မရှိနေတာရှင်မသိဘူးလားလူယုတ်မာကြီး"
" ဟေ့ရမ်းပြောမနေနဲ့မင်းရှိနေလို့သမင်သက်သက်ထွက်လာတာမဟုတ်ဘူး ငါလဲမင်းလိုပဲလဲဖို့အဝတ်မေ့ကျန်ခဲ့လို့ထွက်ယူတာ ဒါမှမဟုတ်ငါ့အဝတ်တေမင်းယူပေးလို့မရဘူးလား "
"ဘာလို့ယူပေးရမှာလဲရှင်ဖာသာယူပါ့လား "
"ပြီးရောလေအဲ့ဆို့ငါလာယူပြီနော်"
ပြောရင်းမဟာကရှေ့တိုးလာ၍
" ရှင် ရှင်ရပ်အဲ့မှာရပ်လိုက်ကျွန်မယူပေးမယ်ရှင်ရှေ့တိုးမလာနဲ့နော်"
တေးပြောမှမဟာရပ်လိုက်ပီတချက်ပြုံးလိုက်သည်
"လူယုတ်မာကြီးလူကိုတွေ့တာနဲ့အနိုင်ပဲကျင့်နေတယ်"
တယောက်ထဲဗြစ်တောက်ဗြစ်တောက်ပြောရင်းဆူးပုတ်နေသောတေးမျက်နှာလေးကိုကြည့်ပြီးမဟာသဘောကြစွာပြုံးနေမိသည်
"မတွေ့သေးဘူးလားကြာလိုက်တာငါလာရှာမှရမယ်ထင်တယ်"
" တွေ့ပြီလို့ရှင်ကြီးနော်အနားမလာခဲ့နဲ့တေးအော်လိုက်မှာ"
" အမလေးအော်တော့မအော်လိုက်ပါနဲ့
မလာနဲ့ဆိုလဲမလာပါဘူးနော်ပေးအဝတ်တေ"ဆူပုတ်ပုတ်နှင့်ကမ်းပေးလာသောအဝတ်တွေကိုယူလိုက်ရင်းတေးမျက်နှာလေးကိုကြည့်ကာမဟာတယောက်ခနခနပြုံးနေမိသည်
❤❤❤❤❤
"ဘယ်လိုလဲပင်လယ်စာကစားကောင်းတယ်မို့လား"
" အင်းစားလို့ကောင်းတယ်အမှန်တိုင်းပြောရရင်တေးစားဘူးတာဒါပထမဆုံးအကြိမ်ပဲ"
part (6)
Start from the beginning