ရှင်းရီသည်  ပခုံးတွန့်ကာ သူ့စားပွဲခုံဆီသို့လျှောက်သွားလိုက်ပြီး ဝဖြိုးတစ်ထွက်နေသည့်တင်ပါးနှင့် ထိုင်ခုံပေါ်ထိုင်ချလိုက်သည်။

သူ မှတ်စုစာအုပ်ကိုထုတ်ကာ  ထိုစာတွေကို အမှန်တကယ်ဖတ်နေသကဲ့သို့ ပေါ့ပေါ့တန်တန် ဖွင့်ထားသော်လည်း လက်တွေ့တွင်မူ သူ့ခေါင်းထဲတွင် သူ့ system နှင့် စကားပြောနေခဲ့သည်။

'မူလကိုယ်ပိုင်ရှင်က ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ။သူ့ကို အထင်အမြင်သေးတဲ့ ဒီရွံရှာစရာကောင်းတဲ့လူတွေအပေါ် အကာအကွယ်ပေးနေခဲ့တာလေ။သူက ကြမ်းတမ်းရမ်းကားတတ်တဲ့သူမို့လို့လား။ သူ့ဈာပနမှာတောင် တစ်ယောက်မှမျက်နှာလာမပြကြဘဲ သူသေသွားပြီဆိုပြီးတော့တောင် ပျော်ပွဲရွှင်ပွဲတောင်မှ ကျင်းပနေလိုက်ကြသေးတယ်။ဘယ်လောက်တောင် ရယ်ချင်စရာကောင်းလိုက်သလဲ'
ဖက်တီးလေးရှင်းရီ၏ အတန်းဖော်တွေကို တိတ်တဆိတ် လေ့လာရင်း သူ၏ခေါင်းထဲတွင် လှောင်ပြောင်နေခဲ့သည်။

[ဒါက ဘဝပဲ Host... လူဆိုးတွေထက်စာရင် လူကောင်းတွေက ပိုလူမုန်းများခံရပြီး အနိုင်ကျင့်ခံရတာပဲဖြစ်ဖြစ် ဒါမှမဟုတ် သနားစရာသေဆုံးသွားတာပဲဖြစ်ဖြစ် ပိုပြီးတွေ့ကြုံခံစားကြရတယ်။ရှင်းရီက ကလေးလူမိုက်လေးလိုဖြစ်နေပေမယ့် အမှန်ကတော့ တကယ့်ကိုကောင်းတဲ့ ကလေးတစ်‌ယောက်ပါ။သူ နောက်ဘဝမှာ ကျိန်းသေ ပျော်ရွှင်ရမှာပါ ]

'ကျစ်...ဒါတောင်မှ သူက ဆက်ပြီး မိုက်မဲနေတုန်းပဲ'

ရှင်းရီကျိန်ဆဲနေစဉ်မှာပဲ ပိန်ညှောင်ညှောင်ကောင်လေးတစ်ယောက်က သူ့စားပွဲခုံကိုရိုက်ချိုးတာက သူ့ကိုတောင် ထိလုနီးပါးဖြစ်သွားခဲ့၏ ။ကံကောင်းထောက်မစွာဖြင့် သူဟာ ထိုကပ်ဘေးဆိုးကြီးကို အချိန်မီ ရှောင်ရှားနိုင်ခဲ့တယ်။

"မင်း ဘာလုပ်နေတာလဲ?"
ရှင်းရီသည် ရိုးရှင်းသောမေးခွန်းလေးကိုသာမေးလိုက်သော်လည်း ထိုလူငယ်လေး၏နှလုံးသားက ထိတ်လန့်သွားလှုပ်သွားရကား ရှင်းရီကိုကြောက်ရွံ့စွာကြည့်နေခဲ့သည်။

ရှင်းရီ၏အနိုင်ကျင့်တတ်သည့်ဂုဏ်သတင်းသည် အခြားအတန်းများသို့ပင် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့ဖြစ်ရာ သူနှင့်တစ်ခန်းတည်းအတူ‌နေ အတန်းဖော်တစ်ယောက်အနေဖြင့် သူ၏အနိုင်ကျင့်မှုဂုဏ်သတင်းသည် အမှန်တကယ်ဖြစ်ကြောင်း ပိုသိကြလေပဲဖြစ်သည်။

မင်း ဇာတ်ညွှန်း မှားနေပြီကွ ( System) BlМесто, где живут истории. Откройте их для себя