Episode 25 miss you father?

Start from the beginning
                                    

"ဖိုးဖိုးကြီးနဲ့တွေ့ရမှာလား"

"ဟုတ်တယ်အမေ မနေ့ကဆောင်းပြန်ရောက်ပြီလို့ပြောလိုက်တယ် "

"ဆောင်းမသွားချင်ဘူးမေမေ"

"မသွားရင် ဆောင်းရဲ့ဖိုးဖိုးကြီးအကြောင်းသိတာပဲလေ ဆောင်းကိုပြသနာရှာလိမ့်မယ် သွားလိုက်ပါနော်ဆောင်း‌ အမေလည်းငြင်းဖို့အခွင့်မသာလို့ပါ"

"အွန်း..ဒါဆိုလဲ သွားလိုက်ပါ့မယ် ပြီးရင်ဆောင်း အိမ်ထောင်ပြုလိုက်ပြီဆိုတာပါပြောလိုက်မယ်"

"သေချာရဲ့လားသမီး ပြောလိုက်ရင်လည်းကောင်းပါတယ် နောက်လဲ သိမှာပဲလေ"

"ဟုတ်တယ်အမေ ပြောကိုပြောမှာ"

"အွန်း ကံကောင်းပါစေအမေ့သမီးလေး"

"မွ!"

နိုးမေနဖူးလေးကိုဖြည်းငြင်းစွာနမ်းရှိုက်လိုက်ပြီး ကံကောင်း‌ပါစေဟုမျက်လုံးလေးဖြင့်ပြောလိုက်သည်

ထိုအချိန်ဦးရာဇနောက်မှဝင်လာပြီး

"‌မိန်းမ"

"ဟင်"

"ဒီ‌နေ့ကိုယ့်အဖေဆီ သွားမလို့ လိုက်ခဲ့ပါလား"

"ဆောင်းလည်းဒီနေ့အဖိုးဆီသွားမလို့ ဘယ်လိုလုပ်‌မလဲ ရပါတယ် ခင်ဗျားအဖေဆီအရင်သွားတာပေါ့ "

"ကိုကို ကိုကိုလို့သုံးခေါ်ပေးပါ ဆောင်းရာ အမေသိလားဆောင်းကလေ အရမ်းဆိုးတာပဲ ကျွန်တော့ကို ခင်ဗျားခင်ဗျားနဲ့ အရမ်းသုံးပြောတာပဲအမေရယ်ဆုံးမပေးပါ"

"ဟုတ်သားပဲဆောင်း ကလည်း"

"ဆောင်းလည်း ရှက်လို့မခေါ်ချင်ဘူးအမေရဲ့"

"အံ့မယ်လေး လင်နဲ့မယားနဲ့ပဲအေ ဘာရှက်စရာရှိလို့လဲ နွေး‌နွေးထွေး‌ထွေးဖြစ်အောင်ခေါ်ပေးလိုက်"

"ဟုတ်ကဲ့ပါ အမေကလည်း"

"အွန်းအမေကလည်းလုပ်မနေနဲ့ ယောကျာ်းကိုလေးစား သားအမေ ဆုံးမလိုက်ပြီ နော်"

"ဟုတ်ကဲ့အမေ ကျေးဇူးတင်ပါတယ်ဗျ ဒီက အမိုက်မဲ ကျွန်တော့်မိန်းမကိုဆုံးမပေးလို့ အမေကိုအရမ်းချစ်သွားပြီ"

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now