Episode 6Z

1.9K 32 1
                                    

"အဖွား က မင်းသားလေး ဆံပင်ကို လှအောင်လုပ်ပေးနေရင် မင်းသားလေးက သီချင်းပြန်ဆိုပြရမယ်နော်"

အဖွား က မဏိ ဆံပင် တွေ အားလုံးကို စည်းပေးနေရင်း ပြောလိုက်တာကြောင့် ခုံအောက်မှာထိုင်နေရင်း အဖွားကို သူ မော့ကြည့်လိုက်ကာ။

"ကျွန်တော်မှ သီချင်း မဆိုတတ်တာအဖွားရဲ့...၊အဖွားက သီချင်းနားထောင်ချင်လို့လား ဒါဆို ကျွန်တော် ဆက်နိုင် ဖုန်းထဲကနေ ဖွင့်ပေးမယ်လေ ဘာသီချင်းနားထောင်မလဲ ပြော"

"ဟင်း..ဖုန်းထဲကသီချင်းနားမထောင်ချင်ပါဘူး မင်းသားလေး နူတ်က ဆိုပြတဲ့သီချင်းပဲ အဖွားက နားထောင်ချင်တာ ၊မင်းသားလေးပဲ ဆိုပြပါနော်"

အဖွားက မျက်နှာငယ်လေးဖြင့်တောင်းဆိုလာတာကြောင့် မဏိ အမှန်ပဲစိတ်မကောင်းဖြစ်မိသွားရသည် ။

ဒါပေမယ့်လဲ သူ သီချင်းဆိုရင် စာကျက်တဲ့အသံလို ကြီး ဖြစ် ဖြစ်သွားတာကြောင့် အပေါင်းအသင်းတွေနဲ့ အပျော်တမ်း ဂစ်တာတီး သီချင်းဆိုကြရင်တောင် ဘေးကနေ ထိုင်ပြီးနားထောင်ပေးယုံအဆင့်သာ။

"ကျွန်တော်က အသံမကောင်းဘူး အဖွားရဲ့ ၊ ဒါပေမယ့် အဖွားနားထောင်ချင်ရင် ခဏတော့ဆိုပြမယ်လေ နော်"

"အင်း..အင်း..ဆိုပြနော် နားထောင်ချင်တယ်"

အဖွား မျက်နှာလေး က လိုချင်တာရသွားတဲ့ ကလေးတစ်ယောက်လိုမျိုး ပြန်လည်ပြုံးရွှင်သွားတာကြောင့် မဏိ ပါ လိုက်ပြုံးမိလိုက်သည်။

ပြီးနောက် ဟိုကြည့်သည်ကြည့်ဖြင့် လူရှိမရှိ စစ်ဆေးပြီး ဆက်နိုင်ရော နီလာ ပါ အိမ်ထဲရှိမနေတာသေချာသွားတော့မှ...

စားပွဲပေါ်က တွေ့တဲ့ ဓာတ်မီးကိုကောက်ပြီး မိုက်အဖြစ် လက်က ကိုင်လိုက်ကာ...

"ဒါကို မိုက် အဖြစ် ခဏသုံးမယ် နော်"

မဏိ ပြောတော့ အဖွားက ပြုံး၍ ခေါင်းဆတ်ဆတ် ငြိတ်ပြသည်။

"ကဲ...ဆိုမယ်နော် အဖွား"

"အင်း...ဆိုတော့ နားထောင်ချင်ပြီ"

"အဟမ်း..."

မဏိ လည်ချောင်းရှင်းသလို ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဟန်ပါပါဖြင့်...လက်ထဲက ဓာတ်မီးကို မိုက် ပုံသဏ္ဍာန်ဖြင့် ကိုင်ကာ...

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now