Unicode🌹Part[ 11]

1.2K 16 3
                                    

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼အခန်း၁၁🌼

ည၏အမှောင်ထုနှင့်အတူ ပတ်၀န်းကျင်တစ်ခုလုံးဟာလည်း တိတ်ဆိတ်လွန်းလှသည်။
လေတဟူးဟူး တိုက်ခတ်နေ၍ ရာသီဥတုဟာအနည်းငယ်အေးမြနေ‌တာကြောင့် စံပယ်လည်းအနွေးထည်ခပ်ပါးပါးကို ၀တ်ထားရလေသည်။

အင်မတန်ကျယ်၀န်းသော ခြံကြီးထဲမှာ ခမ်းနားလှသော အိမ်ကြီးကို ထူးခြားစွာဆောက်လုပ်ထားပေမဲ့
ထိုအိမ်ထဲ‌တွင်တော့ လူနှစ်ယောက်သာ ရှိနေလေသည်။

ထိုလူနှစ်ယောက်ကတော့ ဦးနေဂုဏ်မာန်နဲ့ စံပယ်
ပါပဲ။ ဦးနေဂုဏ်ရဲ့အခန်းအရှေ့မှာ ရပ်လိုက်ပြီး တံခါးကိုခေါက်သင့်သလား၊မခေါက်သင့်ဘူးလား စဉ်းစားနေမိသည်။

ဦးနေဂုဏ်မာန်က စံပယ့်ထက် အသက်အများကြီး ကြီးပေမဲ့ ယောက်ျားပျိုတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုလည်း အရမ်းတော့ ယုံကြည်လို့မရဘူး။သို့ပေမဲ့ မေးစရာရှိတာတော့ မေးရမည်။
မဟုတ်ရင် ဒီအိမ်မှာနေရတာ ကြာလာတာနှင့်အမျှ စိတ်ကသိကအောင့် ဖြစ်လာနိုင်တယ်။

"ဒေါက်..ဒေါက်.."

"ဘယ်သူလဲ.."

"ကျွန်မပါ..‌မေးစရာရှိလို့.."

ပုံမှန်ဆိုရင် ညဘက်အလုပ်လုပ်နေခိုက် အခြားလူ တွေ လာနှောက်ယှက်တာကို မကြိုက်တတ်သော နေဂုဏ်မာန်တစ်ယောက် သူမ၏အသံကြောင့်
လက်ပ်တော့ခလုတ်တွေကို နှိပ်‌နေမိသော လက်တွေဟာ ချက်ချင်းရပ်တန့်သွား‌လေသည်။

သူ့နှုတ်ခမ်းတစ်ဖက်ဟာ ပြုံးယောင်ယောင်သဏ္ဍန်တွန့်တက်သွားပြီး လက်ပ်တော့ကိုချထားခဲ့ကာ တံခါးဆီသို့ ခပ်မြန်မြန်လေး လှမ်းသွားလိုက်သည်။

"ကျွီ.."

တံခါးလာဖွင့်တဲ့ ဦးနေဂုဏ်ဟာ တီရှပ်အဖြူ
အပါးနှင့် အဖြူရောင်ဘောင်းဘီအပွကို၀တ်ထားတာကြောင့် မြင်နေကြပုံစံနှင့် မတူသလိုဖြစ်နေသည်။လူကြီးတစ်ယောက်နဲ့မတူတော့ပဲ
လွတ်လပ်ပေါ့ပါးနေသည့် လူငယ်လေးလို ဖြစ်နေလေသည်။
"သူ့ရဲ့ အိမ်နေရင်း ပုံစံကဒီလိုပါလား"ဟုသာ တွေးလိုက်မိသည်။

"၀င်လေ..ဘာရပ်ကြည့်နေတာလဲ.."

"..သူစိမ်းယောက်ျားလေးရဲ့အခန်းထဲကို
မ၀င်ချင်ပါဘူး.."

သနပ်ခါးရနံ့လေး ကြူကြူမွှေးWhere stories live. Discover now