Part.2 (Unicode)

3.2K 156 0
                                    

နက္ခတ်ကျောခင်းကာနေပေမယ့် အိပ်မပျော်သေးပါ။ အတိတ်ကအရာတွေကိုတွေးမိတာရယ်၊ နောက်သူဘာဆက်လုပ်ရမလဲဆိုတာရယ်ကို တွေးမိပြီးရင်မောရသည်။ အိပ်မရသေးတာကြောင့် သူနေတဲ့အခန်းငယ်လေးထဲကနေထွက်ကာ ခုံတန်းတစ်ခုပေါ်မှာထိုင်နေမိတယ်။ ည၏လရောင်ဟာ သေးကွေးစွာနဲ့ကြယ်ရောင်၏အလင်းအချို့ကသာလွှမ်းခြုံထားသည်။

အတွေးများနဲ့ဆေးပေါ့လိပ်ကိုမီးညှိ့ကာတစ်ချိုက်ဖွာလိုက်တယ်။ အတိတ်ကဖြစ်ရပ်များက မီးခိုးငွေ့နဲ့အတူလွှင့်ပျောက်သွားရင်ကောင်းမယ်လို့ နက္ခတ်တွေးမိတယ်။

တစ်ချိန်ကနက္ခတ်ဆိုတာက လူချောတစ်ယောက်။ မိခင်မုဆိုးမကြီးတစ်ဦး၏သားလိမ္မာလေးတစ်ယောက်။ ပညာအရာမှာလဲတော်လွန်းတဲ့သူလေ။ အခုတော့ သူ့ကြောင့်နဲ့မိခင်လဲဘယ်လောက်အရှက်ရနေခဲ့မလဲလို့တွေးမိသည်။

ကောင်းကင်ကိုအကြောင်းမဲ့မော့ကြည်မိ၏။ အတိတ်၏ပုံရိပ်တို့က ပန်းချီကားတစ်ချပ်လို ထင်ကျန်ရစ်နေခဲ့သည်။

" သားရေ။ အိပ်ယာထတော့လေ။ "

" ထပြီမေမေရေ။ သားရေချိုးနေလို့။ "

နက္ခတ်တစ်ယောက်မိခင်၏အော်နှိုးသံကိုပြန်လည်အသံပြုလိုက်တယ်။ ရေချိုးခြင်းကိုလက်စသတ် အပြာနုကွက်စိပ်
ပုဆိုးနဲ့အဖြူရောင်လက်ရှည်ကိုဝတ်ဆင်လိုက်တယ်။ ခေါင်းကိုအဆီထည့်ကာ ပိရိသေသပ်စွာဖြစ်အောင်ဖြီးသင်လိုက်တယ်။ ကုတင်ပေါ်တင်ထားတဲ့လွယ်အိတ်ကိုကောက်လွယ်ကာ အောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်။

နက္ခတ်တို့သားအမိနှစ်ယောက်ဟာ မချမ်းသာသော်လည်း လူတန်းစေ့နေနိုင်တဲ့အခြေအနေမှာရှိသည်။ မေမေကဒီနယ်မြို့လေးက ဖေဖေနဲ့အိမ်ထောင်ကျကတည်းကနေထိုင်လာခဲ့တာ သူ့တစ်သက်ပဲလေ။ ရပ်ကွက်စျေးတန်းတစ်ခုမှာ အထည်ဆိုင်တစ်ဆိုင်ဖွင့်ထားခဲ့သည်။ သားအမိနှစ်ယောက်အတွက်အဆင်ပြေစွာနေထိုင်နိုင်သည်။

အင်း...ဖေဖေကတော့ သူရှစ်တန်းနှစ်မှာဆုံးပါးသွားခဲ့တယ်။

" အာ...မွှေးနေတာပဲမေမေရာ။ သားဗိုက်အတော်လေးဆာသွားပြီ။ "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Waar verhalen tot leven komen. Ontdek het nu