အပိုင်း(၂)

Start from the beginning
                                    

"ငြိမ်း"

အသက်ရှုသံပြင်းပြင်းနှင့်ပြည့်နှက်နေသည့် နန်းဆောင်အတွင်း သူ၏ခေါ်သံမှာ ဖျားယောင်နေသည့် မြေခွေးမိစ္စာနှယ်။ 'ငြိမ်း' ဆိုသည်မှာ မြန်မာလို အေးချမ်းခြင်း ငြိမ်းချမ်းချင်းကို ကိုယ်စားပြုပေသည်။ သို့သော် ထို 'ငြိမ်း' အမည်ရှိ အမျိုးသားငယ်မှာ သူအား ပူလောင်ကာ မငြိမ်းခြမ်းစေရန် ယခု၌ ပြု‌လုပ်နေပေပြီ။

သူ့လက်ကို ဆန့်ထုပ်လို့ ထိုမင်းသားငယ်၏မေးကိုမကာ မျက်နှာနှစ်ခု ပိုမိုနီးကပ်စေလိုက်သည်။ နှာထိပ်ဖျားလေးနှစ်ခုမှာ ထိကပ်နေပြီး ဝင်လေထွက်လေများမှာ ရောယှက်ချေပြီ။ ဆောင်းတွင်း၌ပင် ချောက်သွေ့ခြင်းမရှိ အိစက်ကာ နီရဲနေသည့် အရည်ရည်ရွှင်းရွှင်း နှုတ်ခမ်းပါးထံထိကပ်ကာ အရသာခံမိတော့ ထိုမင်းသားငယ်ထံမှ စိတ်လှုတ်ရှားဟန် အသံတချို့ အံ့ကျလာ၏။

"မကြိုက်ဘူးလား?"

"မ..မဟုတ်ဘူး "

"ဟူးး..မင်းမှာမကြိုက်ပိုင်ခွင့်မရှိဘူးလေ
ငါပေးသမျှ မင်းမှာ သဘောကျဖို့ကလွဲ ရွေးချယ်စရာမရှိဘူး"

ထို့နောက် နှုတ်ခမ်းအား ပြန်လည်သိမ်ပိုက်လိုက်သည်။ အပေါ်အောက်ကျဉ်လည်စွာ ကစားနေသည့်သူမှာ နယ်နယ်ရရအတွေ့အကြုံနှင့်လည်း မဟုတ်လေဟန်။ ပုလဲလုံးစီချယ်ထားသည့်နှယ် တင်တယ်လှသည့် သွားများအား ဖွင့်ဟကာ အထဲသို့ စူးစမ်းရန် တိုးဝင်မိတော့ စပယ်လိုလက်ဖွေးဖွေးလေးများက သူ့ကော်လံအား ဆုပ်ကိုင်လာချေသည်။

နှင်းစက်ပအာကြည်လင်သည့် မျက်ရည်ကြည်များမှာ ဖယောင်မီးကြောင့် ရွှေကြိုးပမာတလဲ့လဲ့တောက်ပပြီး မင်းသားငယ်၏လှပလွန်းသည့် မေးရိုးအောက်ပေါက်ကွယ်သွားသည်။ ထိုသည်အား အရာသာခံကြည့်မိတော့ ခါးသက်သည်ကို ခံစားမိသည်။ သို့သည့်တိုင် သူတွေးလိုက်မချေသေးသည်။

မင်းလိုကောင်ငယ်လေးကို ဖျက်ဆီးရတာ တကယ်အရသာရှိတာပဲ

မင်းငါ့ကိုအရမ်းမုန်းနေလား မနက်ဖြန်ကစ မင်းရဲ့အမုန်းတွေကိုခံယူပေးမှာမို့ ဒီနေ့တရက်တော့ ကိုယ်အတွက်ဖြည့်ဆည်းလိုက်စမ်းပါကွာ

ဒင်္ဂါး (Coin)Where stories live. Discover now