ဗီလိန်ဝမ်ရဲ့ချစ်ခင်ပွန်း(part-4)

1.5K 96 4
                                    

(ယုန်လေး)

***************

ရိပေါ်မြေအောက်ခန်းထည်းကထွက်လာပြီး စံအိမ်တော်ကြီးအပေါ်ထပ်က သူ့အခန်းကိုတက်လာခဲ့လိုက်သည်။
ရဲတိုက်ကြီးတစ်မျှ ခမ်းနားပြီး ကြောက်စရာအော်ယာတွေ ပြည့်နှက်နေသည်။

စံအိမ်တော်ကြီးတစ်ခုလုံးကို အနက်ရောင်နဲ့ရွှေရောင်သာ သုံးတားပြီး အိမ်တော်ကြီးရဲ့အပေါ်ထပ်ကို တက်တဲ့ကြောင်လှေကားကြီးကလည်း အနက်ရောင်နဲ့ ရွှေရောင်သာ သုံးတားသည်။
ရိပေါ် ကြောင်လှေကားကြီးတိုင်းတက်သွားသည့်လျောက်လမ်းတိုင်းမှာ သွေးစက်တွေကျကျန်နေခဲ့သည်။

ရိပေါ်သွားတဲ့လျောက်လမ်းတိုင်းမှာ အိမ်တော်
ထိန်းကြီးနဲ့ အစေခံတွေ ခေါင်းငုံအရိုသေပေး နေကြသည်။
ရိပေါ်အိမ်တော်ကြီးရဲ့အအေပါ်ထပ်ကိုတက်သွားမှာအိမ်တော်ထိန်းကြီးက...

"ခလေးမတွေ​ သွေးစက်တွေကို မြန်မြန် သန်ရှင်းရေးလုပ်ကြ"

"ဟုတ်..!!!"

ဖေးဖေးလည်း ကျယ်ပြန့်နေတဲ့သခင် ကျောပြင်ကြီးကိုကြည့်ပြီး ေလျာက်လမ်းကသွေးစက်တွေကို သန့်ရှင်းရေးလုပ်နေလိုက်သည်။

သူတို့သခင်က အရမ်းကြောက်ဖို့ ကောင်းတယ်မျက်နှာအမြဲတည်တင်းနေတက်ပြီး လူတိုင်းကိုသံသယမျက်လုံးနဲ့ပဲ ကြည့်နေတက်တယ်။
မင်းသားရှုံးလောက်အောင် ချောမောတဲ့နောက်ကွယ်မှာ​ သွေးအေးရက်စက်ခြင်း
အော်ယာတွေနဲ့ ပြည့်နှက်နေတာ ဘယ်သူတွေသိမှာလည်း။

စာနာခြင်း၊ သနားငဲ့ညာခြင်းဆိုတာမရှိ ၊ လူတွေအသားနဲ့ ထိရမှာကိုရွံ့မုန်းပြီး ၊
ထိမိတဲ့သူဟာလည်းသေ​ခြင်းတရားကလွဲပြီး မရှိ၊ ဒါမဲ့ သခင်ကမမလေး ကျန်းဟန်စီကိုတော့အလေးတားတယ် ။
ကျန်းဟန်စီဆိုတော့မြွေဟောက်မကို သူတို့တော့ကြည့်လို့မရဘူး ၊
စံအိမ်တော်ကိုလာရင် သူကိုယ့်သူသခင်မစတိုင်နဲ့ မတူသလိုမတန်သလိုဆက်ဆံနေတာ။

****************
ရိပေါသွေးတွေပေနေတဲ့ shirtအနက်ကို ဆွဲချွတ်လိုက်ပြီး ရေချိုးခန်းထည်းဝင်လိုက်ပြီး ရေစိမ်နေလိုက်သည်။

။ ရှည်လျှားတဲ့အရပ် တောင့်တင်းပြီး ကျယ်ပြန်နေတဲ့ ရင်အုပ်ကျယ်ကျယ် ​အချိုးစားညီလှတဲ့six packတွေ သေစေနိုင်လောက်တဲ့ စူးရှနေတဲ့မျက်လုံး ဓားသွားလို့ချွန်ထက်နေတဲ့နှာခေါင်းချွန်ချွန် အညုိရောင်သမ်းနေတဲ့နှခမ်းထူထူ vပုံသဏ္ဍန်မေးရိုး။

ဗီလိန်ဝမ်ရဲ့ချစ်ခင်ပွန်းWhere stories live. Discover now