( 14 ) U / Z

Depuis le début
                                    

" ဪ... "

'မြူငယ်' ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ 'လွမ်း' ဘက်လှည့်ကြည့်လိုက်တော့ 'လွမ်း' ကစိုက်ကြည့်နေသဖြင့်...

" ဟို... အမြဲတမ်းပါလာနေကြမလို့ မတွေ့လို့
မေးကြည့်တာ "

ထိုအခါမှ 'လွမ်း'က အကြည့်ကိုပြန်လွှဲသွားကာ ထမင်းကိုပြန်ငုံ့စားနေသည်။

" 'ရာစု' ဒါငါ့ရဲ့အသက်လေး နာမည်က 'ဇမ်းသုတ' "

" သိပါ့ မင်းတို့ သတင်းတွေအဲ့လောက်
နာမည်ကြီးတာ.. တွေ့ရတာဝမ်းသာပါတယ်နော်
'ရာစုနှင်း' ပါ "

'ရာစု' ကလက်ကမ်းပေးလာတော့ 'သုတ' ကခေါင်းငြိမ့်ကာ လက်ပြန်ကမ်းပေးလိုက်ခြင်းဖြစ်ရာ 'သုတ' ၏လက်ကိုကြားထဲကနေ 'ခမ်း' ကဖြတ်ကိုင်လိုက်သဖြင့် 'ရာစု' လက်ကိုပြန်ရုတ်လိုက်ရသည်။ 'ငါ့လက်လေးသနားပါတယ် မနက်ကတစ်ခါ အခုတစ်ခါ ဂျယ်လီနင်နေတဲ့အတွဲတွေနဲ့လာတွေ့နေတယ်'

'လွမ်း' နှင့် 'ရာစု' ကလုပ်ငန်းကိစ္စကြောင့် အကြိမ်ရေအနည်းငယ်တွေ့ဖူးကာ ရင်းနှီးနေကြခြင်းဖြစ်သည်။ 'မြူငယ်' နှင့် 'ခမ်း' ကတော့ နဂိုထဲကပင် ဖော်ရွေပြီး စကားများကြသူတွေဖြစ်သဖြင့် တစ်မနက်ခင်းအတွင်းပင် 'ရာစု' နှင့်ရင်းနှီးသွားကြတာဖြစ်သည်။

'ရာစု' ဖျော်ရည်သောက်နေရင်း ဖုန်းထုတ်ကြည့်နေခြင်းဖြစ်ရာ မြင်လိုက်ရသည့်အရာကြောင့်
ဖျော်ရည်တွေပါထသီးသည်အထိ....

အဟွတ်! အဟွတ်!

'မြူငယ်' က 'ရာစု' ၏ကျောပြင်ကို ပွတ်ပေးကာ...

" ငါလုမသောက်ဘူး ဖြည်းဖြည်းသောက် "

" ဒီတစ်ယောက်ကိုလား သိလား "

'ရာစု' ကဖုန်းကို 'မြူငယ်' ရှေ့ပြလိုက်တော့ 'မြူငယ်' ကမျက်လုံးပြူးကာ ဖုန်းကိုလွှဲယူလိုက်ရင်း...

" သိတာပေါ့ ဒါငါ့ကိုကိုလေ.. အဲ "

ပါးစပ်ကအကျင့်ပါကာ ပြောလိုက်ပြီးကာမှ 'လွမ်း' ကိုသတိရကာ လှည့်ကြည့်လိုက်တော့ 'လွမ်း' က ဘေးလွယ်အိတ်ကို ကောက်လွယ်ကာ
နေရာမှထထွက်သွားသည်။

" ကောင်းတယ်! ကောင်းတယ်! ကိုကိုချင်ဦး "

'ခမ်း' ပြောလိုက်တော့ 'မြူငယ်'က မျက်စောင်းထိုးကာ နောက်ကနေအမြန်ထလိုက်သွားသည်။ ထိုအခါမှ 'သုတ' က 'ရာစု' ၏ဖုန်းကိုလှမ်းယူကာကြည့်လိုက်တော့ 'ရှိုင်း' နှင့် 'ဦးရာဇဝင်' ဘေးချင်းယှဉ်ကာ လမ်းလျှောက်နေသည့်ပုံဖြစ်သည်။

You're My Beloved ( COMPLETE )Où les histoires vivent. Découvrez maintenant