" နင်ငါ့ကိုဘာလို့ခြေထိုးလဲ? နင်သာငါ့ကိုခြေထိုးပြီးလဲကျအောင်မလုပ်ရင် ငါလည်းနင့်ခေါင်းပေါ်ဟင်းရည်လောင်းချမှာမဟုတ်ဘူးလေ "

" နင့်ကိုငါ့ဖေဖေတရားသူကြီးနဲ့တိုင်မယ် "

" တိုင်တိုင် နင့်ဖေကဘာကြီးဖြစ်နေဖြစ်နေ ငါကဂရုမစိုက်ဘူး ကြိုက်တဲ့နေရာသွားတိုင် ! "

ထိုမိန်းကလေးကကန်းတင်းထဲကနေထွက်သွားမှ၊​မြေင်ပြင်ပေါ်မှာမှောက်ကျသွားတဲ့ထမင်းဟင်းတွေကိုကောက်ပြီး ဗန်းပေါ်တင်လိုက်တယ်။ကန်းတင်းမှာထိုင်စားနေတဲ့သူတွေအကုန်လုံးက စိုက်ကြည့်နေတော့ ရှောင်းကျန့်လည်းကန်းတင်းထဲကနေထွက်သွားပြီး အတန်းထဲဝင်ကာစာဖက်နေလိုက်တယ်။

စာဖက်နေတုန်း ကျောင်းအုပ်ဆရာမကခေါ်တယ်ဆိုပြီးအတန်းခေါင်းဆောင်ကပြောလို့ ကျောင်းအုပ်ဆရာမရုံးခန်းကိုရှောင်းကျန့်သွားလိုက်တယ်။

ကိုယ့်ဘေးမှာထိုင်နေတဲ့သူကမနက်ကကန်းတင်းမှာခြေထိုးပြီးလဲကျအောင်လုပ်တဲ့အတန်းဖော်မိန်းကလေးဖြစ်နေပြန်သည်။ထိုမိန်းကလေးဆံပင်ကသရဲမလိုလို အရူးမကြီးလိုလိုရှုပ်ဖွနေပြီး ညာဘက်ပါးမှာလည်းပါးရိုက်ထားတဲ့လက်ဝါးအရာကြီးကရှိနေတယ်။တစ်ရှူးသုတ်ကာငိုနေတော့ ရှောင်းကျန့်ကြည့်မရဘူး။

" ရှောင်းကျန့် မင်းကယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး ဘာလို့မိန်းကလေးတစ်ယောက်ကိုအခုလိုပါးရိုက်ဆံပင်တွေဆွဲရတာလဲဟင် !! မင်းကျောင်းမှာပြဿနာရှာတာအကြိမ်ကြိမ်ရှိပြီ အတန်းပိုင်ဆရာမကဘာမှမပြောပဲသည်းခံခဲ့တာ။အခုမင်းပြဿနာရှာတာကတော်တော်လွန်လို့ဆိုပြီး အတန်းပိုင်ဆရာမကငါ့ကိုလာပြောပြလို့ အကုန်သိပြီးပြီ။ "

" အဲ့ကောင်မ ဟန်ဆောင်နေတာသိရဲ့လား ! ကျောင်းအုပ်ဆရာမကြီးက ကျန့်ကျန့်တို့ရန်ဖြစ်တာကိုတွေ့မြင်လို့အခုလိုပြောတာလား။ အဲ့ကောင်မကအရင် ကျန့်ကျန့်ကိုခြေထိုးပြီးလဲကျအောင်လုပ်တာ! မိန်းကလေးဖြစ်ပြီး ကျန့်ကျန့်လိုသူဌေးသားလေးကိုမနာလိုတော့ အခုလိုလဲကျအောင်တမင်လုပ်တာ ! "

" ကျောင်းသားရှောင်းကျန့်ပြောနေတာအမှန်ပဲလား သမီး "

ကျောင်းအုပ်ဆရာမကြီးကထိုမိန်းကလေးဘက်လှည့်ကြည့်ရင်းပြောတော့ ထိုမိန်းကလေးငိုယိုပြီးအသည်းသန်ထငြင်းလာတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Waar verhalen tot leven komen. Ontdek het nu