"ဘာအတွက်လဲ"

"ငါ့.....ငါ့...ညီမလေးအတွက် ပန်းပင်အသစ်သွားလဲပေးလို့....အဲ့တာ..ကျေးဇူး..ကျေးဇူးပါ ပြောတာ နောက်ကျနေမှန်းသိပေမဲ့ တကယ်ကျေးဇူးပါ"

Yiboတစ်ဖက်လှည့်ကာ တိုးတိုးတိတ်တိတ် ရယ်လိုက်သည်။ပြီးတော့ ရုပ်တည်နှင့် ပြန်စိုက်ကြည့်ကာ

"ဘယ်လိုသိလဲ"

"ဟမ်"

"ကျွန်တော်သွားလဲပေးမှန်း ဘယ်လိုသိလဲ......အခန်းထဲက အခန်းပြင်တောင်မထွက်တဲ့သူက"

"မင်း ငါ့ဆီက သော့တောင်းသွားတာပဲ အဲ့တော့ သွားလဲပေးမယ်ဆိုတာ ငါသေချာပေါက်သိတာပေါ့ ပြီးတော့ သုံးခါတောင်ရှိပြီပဲ..."

"ကျွန်တော့်ကို ယုံတယ်ပေါ့...."

"ဟမ်"

"ကျွန်တော်ဘက်က အိမ်သော့ယူပြီး ထွက်သွားတာနဲ့ သေချာပေါက် ပန်းကိုသွားလှယ်ပေးမယ်လို့ ထင်တယ်ပေါ့...."

"အဲ့...အဲ့တာက....မင်း..မင်းကမလိမ်မဲ့ပုံပေါ်လို့"

"အဲ့လောက်ထိကျွန်တော့်ကို ယုံတာလား"

မျက်နှာတစ်ခုလုံး ရဲတက်နေပြီး ဘေးကျပ်နံကျပ်ဖြစ်နေပုံက အသည်းယားစဖွယ်ကောင်းနေတာကြောင့် yibo သူ့နှုတ်ခမ်းသူပြန်ကိုက်ထားမိသည်။

"ငါ...ငါမသိတော့ဘူး!"

လက်သီးလေးဆုပ်ပြီး ခြေဆောင့်ကာ ထွက်သွားတော့ yiboမှာ ဆွံ့အလျက်။နှစ်ပတ်ကျော်အတွင်းမှာ ဒါ xiao zhanဘက်က ပထမဦးဆုံး စကားစပြောခြင်းဖြစ်ပြီး ပထမဆုံးစိတ်ကောက်သွားခြင်းပင်။

*အခုသူ့ကိုစလို့စိတ်ဆိုးသွားတာမဟုတ်ဘူးလား*

Yiboရယ်ရင်း နောက်ကလိုက်သွားရန် ဆုံးဖြတ်လိုက်လေသည်။

"ရှောင်း......သူဘယ်ရောက်သွားတာလဲ"

အခန်းထဲမှာရှိမယ်ထင်လို့သွားလိုက်ပေမဲ့ အရိပ်တောင်မတွေ့။ထိုသည့်အတွက် အောက်ထပ်ကိုသာဆင်းလာခဲ့တော့လေသည်။

တွေ့ချေပြီ။သူ့ယုန်ပေါက်လေးက ဆိုဖာပေါ်တွင် လက်ကလေးပိုက်လျက် တင်ပျဥ်ချိတ်ထိုင်ကာ နှုတ်ခမ်းလေးက စူထားပြန်သည်။
တစ်ချက်တစ်ချက်လည်း ပွစိပွစိနဲ့ ဘာတွေပြောနေမှန်းမသိ။

Darling,you look perfect "TONIGHT"Where stories live. Discover now