Unicode
"ငါက လူဆိုးလား Liam?ငါက မကောင်းတဲ့လူလား"
ပင်လယ်ပြာမျက်ဝန်းလေးတွေက အံ့သြတကြီးကြည့်လာလေသည်။
"မဟုတ်ဘူး yibo မင်းကိုယ့်ကိုယ်ကိုအဲ့လိုထင်နေလို့မရဘူးလေ မင်းကိုယ်တိုင်က အဲ့ထိုထင်နေရင် အစ်ကိုရှောင်းကို ဘယ်လိုလုပ်မလဲ ဟမ်"
"ငါမှားခဲ့တာထင်ပါရဲ့.....အစက ရှောင်း သဘောမတူလဲ သူ့ကို ငါ့နည်းငါ့ဟန်နဲ့ ငါ အပိုင်သိမ်းမယ်ဆိုပြီး တွေးထားခဲ့ပေမဲ့ ခုသူ့ကိုနာကျင်အောင်ငါမလုပ်ရက်ဘူး Liam"
"ငါနားလည်ပါတယ် နည်းနည်းလေးပဲ အားတင်းထားပါ အစ်ကိုရှောင်း မင်းကိုနားလည်လာပါလိမ့်မယ်"
ထထွက်သွားတဲ့ yiboကိုကြည့်ပြီး liamက သက်ပြင်းတချချ။
ဒါမျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ရဲတဲ့ သူတို့ ဥက္ကဋ္ဌဆိုတာ ဘယ်သူယုံပါမည်နည်း။လူတစ်ယောက်ကြောင့် အလဲအလဲအပြိုအပြိုဖြစ်နေတာ အေးစက်တဲ့နေရာ ဘယ်သူမှမယှဥ်နိုင်တဲ့ Mafia ဆိုတာ ဘယ်သူယုံပါမည်နည်း။
~~~~~~~
.
.
"ဟို...."ကုတင်ခေါင်းရင်းကို မှီကာ laptop တစ်လုံးနဲ့ ဘေးကစာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ yiboက အခန်းဝက တိုးညှင်းလှတဲ့အသံကြောင့် အံ့သြတကြီးမော့ကြည့်မိသည်။
သူ၏ချစ်လှစွာသောလေးက အခန်းဝတွင် ခြေစုံရပ် ခေါင်းငုံ့လျက် သူ့လည်ပင်းသူ သူပြန်ပွတ်နေသည်။
အတန်ကြာတဲ့ထိ ဟိုကခေါင်းပြန်ဖော်မလာသလို အတန်ကြာတဲ့ထိ သူငေးကြည့်နေခဲ့မိသည်။
နောက်ဆုံး သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရပြီးနောက် တစ်ချိန်လုံးငုံ့ထားသော ခေါင်းလေးက ဖြည်းညင်းစွာ မော့လာသလို မျက်ဝန်းတို့ကလဲ သူ့ကိုမဝံ့မရဲကြည့်လာလေသည်။
"ငါ...ငါ..မင်းကို ကျေးဇူးတင်ပါတယ်"
ဘုရားရေ။သူ့အိမ်ကိုရောက်ကတည်းက ငြိမ်သက်နေခဲ့တဲ့ ကောင်ကလေးဆီက ပထမဆုံးသူကိုယ်တိုင်ပြောထွက်လာတဲ့စကားက ကျေးဇူးတင်ပါတယ်တဲ့လား။
Yiboအလိုမကျသလိုဖြစ်သွားကာ မျက်မှောင်ကုတ်သွားတော့ ဟိုက ကိုယ်လေးကို ရွံ့လိုက်သည်။
YOU ARE READING
Darling,you look perfect "TONIGHT"
FanfictionUnicode+Zawgyi ချစ်ခြင်းက ရယူခြင်းလား ပေးဆပ်ခြင်းလား? ကျွန်တော့်အတွက်ကတော့ ရယူခြင်းပဲ ဟုတ်တယ် ကျွန်တော်က ရမ္မက်ကြီးတယ် အတ္တကြီးတယ် ပိုင်ဆိုင်လိုစိတ်ကြီးတယ် ဒါတွေက ခင်ဗျားကို ချစ်လို့ ခင်ဗျားကိုမှ ချစ်မိသွားခဲ့လို့။ ဒါပေမဲ့........ခင်ဗျားကို ပိုင်ဆို...