"မင်းခေါ်လို့ သူတို့လိုက်ခေါ်တာလေ၊သူများကို
သွားပြောမနေနဲ့"ချွမ်းရွေ့က ဒီလိုပြောတော့ အာရန်းက ဂယူဗင်းကို လျှာတစ်ဖက်ထုတ်ပြီး ပြောင်ပြသည်။
ဘာလို့ ချွမ်းရွေ့က အမြဲအဲလိုသူကိုပဲ
ပြောနေရတာလဲ?
ဂယူဗင်းက တကယ်စိတ်ဆိုးသွားသည်။ဟွန့်
နှာမှုတ်သံလေးထွက်ပြရင်း ချွမ်းရွေ့ကို
ကျောပေးလိုက်သည်။ကလေးလေး လို့လည်းမခေါ်တော့ဘူး။သကြားလုံးတွေလည်း မကျွေးတော့ဘူး။မေမေထည့်ပေးလိုက်တဲ့ စတော်ဘယ်ရီကိုလည်း သူများကိုပဲ
ကျွေးလိုက်တော့မယ်။ဂယူဗင်းက ချွမ်းရွေ့ သူ့ကိုလှည့်ကြည့်တိုင်း
ကျောပေးရင်း သူများတွေနဲ့ပဲ ဆော့ပြသည်။စိတ်ဆိုးနေတာနော်။ ဒီက ကိုကိုက စိတ်ဆိုးနေတာ။
ချွမ်းရွေ့က တစ်စက္ကန့်နေလည်း လာမခေါ်၊
နှစ်စက္ကန့်နေလည်း လာမခေါ်တာမို့လို့
ဂယူဗင်းလေးက အရမ်း၀မ်းနည်းနေသည်။ဆောင့်ဆောင့်အောင့်အောင့်နဲ့ ခြင်းတောင်းထဲက
နို့ဗူးကို ဆွဲထုတ်ပြီး ချွန်းရန် ဘေးမှာ သွားထိုင်သောက်သည်။ အအေးသောက်နေတဲ့ ချွန်းရန်က
ဆူပုတ်ပုတ်နဲ့ ထိုင်နေတဲ့ ဂယူဗင်းကို
လှည့်ကြည့်လာသည်။"ဘာဖြစ်နေတာလဲ"
ဂယူဗင်းကပြောပြသင့်လား မပြောပြသင့်လား
ခဏစဥ်းစားသည်။"ချွမ်း အယ် ရစ်ခီက ငါကိုဆူတယ်"
ချွမ်းရွေ့လို့ခေါ်ဖို့လုပ်ပြီးမှ သူများတွေလိုက်ခေါ်မှာဆိုးလို့ ရစ်ခီ လို့ပြန်ပြောင်းခေါ်လိုက်သည်။"နည်းတောင်နည်းသေးတယ်"
ချွန်းရန်က ဂယူဗင်းကို နည်းနည်းလေးမှမသနား။"ဘာပဲဖြစ်ဖြစ် ငါ စိတ်ဆိုးနေတယ်"
နို့ကို တစ်ရှိုက်သောက်လိုက်ပြီး ဂယူဗင်းက
အတည်ပေါက်ကြီးပြောလာသည်။"သူက မင်းကိုဘာလုပ်လို့လဲ"
ချွန်းရန်က နားမလည်။ရစ်ခီကဖြင့်
သူဘာသူနေတာကို ဂယူဗင်းကအမြဲသွားစတယ်
ပြီးရင် ဟိုက အော်ရင်လည်း ပြန်ပြီး
မျက်နှာငယ်လေးနဲ့ စိတ်ဆိုးလာသေးတယ်။
မူကြိုကျောင်းမလာချင်တဲ့ ချွန်းရန်က ဒီလိုတွေမြင်ရင် စိတ်ပိုညစ်ပြီး အိမ်ကိုနှစ်ဆ ပိုပြန်ချင်မိတယ်။