Chapter 25 Uni&Zaw

Start from the beginning
                                    

" အခုထိ ကျောင်းဆရာကမနိုးသေးတော့ဘယ်လိုလုပ်မလဲ..."
" နိုးရင်လည်း ချက်ချင်းပြောပြလို့ဘယ်ဖြစ်မလဲ"
" အရေးပေါ်ခန်းထဲက လူနာက အသုဘကို မှီတော့ကောဘာလုပ်လို့ရမှာလဲ..."

ကွက်ဘေးနားမှာတစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်၊ ကွက်နားထဲကြားသလိုလို မကြားရသလိုလိုပါပဲ....

ဒုက္ခပဲ၊ အခုမှတကယ်ဒုက္ခပဲ
ကျောင်းဆရာ အတွက်သူ့အဖေကဘယ်လိုလူမို့လဲ..

သူ့ခန္တာကိုယ်အစိတ်အပိုင်းတစ်ခုကိုတောင် မနှမြောပဲ
ထုတ်ပေးခဲ့တဲ့သူ၊ သူ့လိုလူက ကွက်ဆီအောက်ကျခံကာငွေချေးပြီး နောက်ဆုံးသူ့ဘဝပါဆုံးတာတောင်အပြစ်မတင်ခဲ့တဲ့သူ...
အဲ့လိုကယ်တင်ခဲ့ရတဲ့အဖေက အခုလိုဆုံးသွားတော့
သူနိုးလာရင် ဘယ်လိုပြောရမလဲ...…
သူ့ကိုဘယ်လို‌များပြောပြရမလဲ.......

ဘာလို့လဲ ကျောင်းဆရာရယ်..ကျုပ်ဟာကျုပ်ဘာဖြစ်ဖြစ်ခင်ဗျားဝင်မပါပဲနေမှပေါ့။ လူမိုက်တွေကိုရှောင်ရမယ်လို့ ခင်ဗျားသားကိုကြအမြဲပြောနေပြီး
ခင်ဗျားကိုယ်တိုင်ကြ ဘာလို့ကြားဝင်ခဲ့တာလဲ...
အခု ဘယ်လိုလုပ်ရမလဲ.. ထ ပြောပါအုံး....

>>>>>>>
အိမ်မှာလည်းသားချစ်လေးက အဖေနဲ့အမေကိုမတွေ့တာနဲ့...
" ဖေကြီးနဲ့မေကြီး ဘယ်မှာလဲဗျ..."
" ဖေကြီးနဲ့မေကြီးက အပြင်ခဏသွားကြတာ မကြာခင်ပြန်လာမယ်တဲ့..."

အရီးပြုံးမှာလည်း သတင်းကြားကြားချင်းဥပုပ်ကျောင်းကနေအိမ်ကိုပြန်ပြေး၍ ခလေးကိုကြည့်ရသည်။
" ဘာလို့သားကိုမခေါ်တာလဲ..."
" သားလိုက်လို့မရတဲ့နေရာမို့လို့လေ ၊ မကြာခင်ပြန်လာလိမ့်မယ်။
သားကမငိုပဲ လိမ်လိမ်မာမာနေတဲ့..."

ညအထိပြန်မလာတော့ ခလေးကငိုသည်။ ဖအေ၊မအေနဲ့တစ်ညမှမခွဲဘူးတော့ပိုဆိုးသည်။

နောက်မနေ့ကြခလေးက ဟိုလူပြော၊ဒီလူပြောနဲ့တစ်စွန်းတစကြားပြီး ဉာဏ်ကောင်းတဲ့ခလေးမို့ နားလည်
သွားကာ..
" ဖွားပြုံးသားကို ညာတယ်...
သားမေကြီးကရန်ဖြစ်လို့တဲ့
သားဖေကြီးကနေမကောင်းဘူးတဲ့၊ အခုဆေးရုံမှာတဲ့
ဟိုဘက်အိမ်ကအဖိုးလည်း သေသွားပြီတဲ့...
ဟိုအဖွားက သားမေကြီးကြောင့် အဖိုးသေတာလို့
ပြောတယ်....အီး ဟီး "

သားရွှေဥ [Complete]Where stories live. Discover now