မူလက ကျောင်းအုပ်က သူ့ကို လူတစ်ယောက်ထဲသာလျှင် လာမည်ဟု ပြောထားသည်။ ထိုလူကလည်း ကျောင်းတွင် အလွန်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ထိုအချိန်တွင် သူက အနည်းငယ် အံ့ဩမိခဲ့သေးသည်။ မည်သို့သော ကျောင်းသားမျိုးက ဒီလိုအရာမျိုးကို လုပ်ချင်မည်နည်းဟု တွေးခဲ့မိသည်။ ထိုသို့သော အရာမျိုးကို တာအိုပညာရှင် သို့မဟုတ် ကျွမ်းကျင်ပညာရှင်တစ်ယောက်ယောက်က လုပ်ဆောင်သင့်လေသည်။

နောက်မှသာ ကျောင်းအုပ်က သူ့ကို စောင့်ကြည့်ဗီဒီယိုနှစ်ခု ပြလာသည်။

ကျောင်းအုပ်က သူပင်မသိလိုက်ဘဲ ကျော်ကြားသော ဘုန်းတော်ကြီးနှစ်ပါးကို ဆင့်ခေါ်ခဲ့သည်။ ရလာဒ်အနေဖြင့် ထိုဘုန်းတော်ကြီးက သူတို့ကို အစားအသောက် နေထိုင်စရိတ်များကို လိမ်လည်ရုံသာမကလေဘဲ နေရာထိုင်ခင်းစရိတ်အတွက်ပင် လိမ်လည်ချင်ခဲ့သေးသည်။ သူက သရဲကို ဖမ်းပေးမည်ဟု ပြောခဲ့သော်လည်း သူလုပ်သမျှက ပုတီးများစိပ်နေပြီး ကျမ်းစာများကို ရွတ်ဖတ်နေခြင်းသာ ဖြစ်ခဲ့သည်။

အဆုံးတွင် သူက ရေကူးကန်တံခါးဝသို့ပင်မဝင်ခဲ့ဘဲ အထိတ်တလန့် ပြေးသွားခဲ့ရသည်။

ဒုတိယမြောက် သူတို့က ဖိတ်ခေါ်ခဲ့သောလူကမူ မုတ်ဆိတ်မွှေးရှည်ရှည်နှင့် အလွန်အားကိုးယုံကြည်ရမည်ဟု ထင်ရလောက်‌သော တာအိုဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သို့သော် သူက အချိန်တန်ကြာ‌အောင် မက်မွန်သစ်သားဓားကို ကိုင်ထားပြီးနောက် အသုံးမဝင်သောလူတစ်ယောက်ဖြစ်နေမည်ဟု မသိထားကြချေ။ ထိုသရဲ၏ စွမ်းအင်၏ အလွန်အဆင့်မြင့်လွန်းပြီး လူတွေကို ခြောက်လှန့်ကာ သူ့ကို ယုံကြည်အောင်လုပ်နိုင်သည်။

သူတို့က အဆုံးတွင် ပိုက်ဆံအလိမ်ခံလိုက်ရကြောင်း ရှာတွေ့ခဲ့သောကြောင့်သာ မဟုတ်လျှင် ဆက်လက်ပြီး အခြေအနေကို နားမလည်နိုင်လောက်သေးချေ။

ကံကောင်းစွာဖြင့် သူတို့က နောက်ဆုံးတွင် ရဲစခန်းတွင် ပြန်လည်ဖမ်းမိနိုင်ခဲ့ပြီး နှစ်အနည်းငယ်ကြာ ထောင်ချနိုင်ခဲ့သည်။

လက်ရှိတစ်ယောက်အတွက်ကမူ ကျောင်းအုပ်က မည်သည့်နေရာကလာကြောင်း မပြောထားဘဲ ဒီအတိုင်းသာမန်လူမဟုတ်ကြောင်းကိုသာ ဆိုထားသည်။ ထို့ကြောင့် သူ့ကို ကောင်းကောင်း ဆက်ဆံသင့်သည်။ ပေါ့တီးပေါ့တန် ဆက်ဆံ၍ မရချေ။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now