_________________

" ကျန့်ကျန့် နေအုံး လေ "

ရိပေါ်ကပြေးလိုက်လာပြီးအော်ပြောလိုက်တော့မှ
ကျန့်ကျန့်ရဲ့ခြေလှမ်းတွေကရပ်တန့်သွားကာရိပေါ်ကိုပြန်လှည့်ကြည့်လာတယ်။

" မင်းစားနေတာမပြီးသေးဘူးလေ လာ အိမ်
ပြန်လိုက်ခဲ့ "

အနားကိုသွားပြီးလက်ကလေးဆွဲကာပြောတော့ကျန့်ကျန့်က ရိပေါ်လက်ကိုအသာလေးဆွဲဖယ်ရင်း~~~~~

" ဟင့်အင်း "

ခေါင်းလေးငုပ်နေတော့ သက်ပြင်းချလိုက်မိသား။ထပ်ပြီးဘာများဖြစ်တာလဲဆိုပြီးစိတ်ထဲကနေအကြမ်အကြိမ်တွေးမိပါရဲ့။မျက်နှာလေးကိုဆွဲယူကြည့်လိုက်တော့မှ ကျန့်ကျန့်ကငိုနေတာတဲ့လေ။

ဆိုးသွမ်းပြီးရိုင်းစိုင်းတဲ့ကောင်လေးကအခုလိုငိုနေတော့လည်းသူ့ရင်ထဲမကောင်းပြန်ဘူး။

" ကိုကိုမေးတာဖြေ ဘာလို့ငိုတာလဲ "

" ကိုကိုမေမေကမေမေတစ်ယောက်လိုသဘောထားပေးပါဆိုတော့ ကျန့်ကျန့်စိတ်ထဲဘာလို့လဲမသိဘူး အရမ်းဝမ်းနည်းလာတယ်။မျက်ရည်တွေကျမလာအောင်ထိန်းထားပေမယ့် ကျန့်ကျန့်မျက်ရည်တွေကအလိုလိုကျဆင်းလာတယ်။တကယ်ကိုလေမထိန်းထားနိုင်ခဲ့ဘူး အီးးးးဟီးးးး "

ပါးစပ်ထဲမှာစုပ်လုံးလေးငုံးပြီးကိုယ့်ကိုရင်ဖွင့်နေသောကောင်လေးကသနားစရာကောင်းနေသည်။စုပ်လုံးလေးငုံးပြီးရင်ဖွင့်တာလေးကသနားစရာကောင်းသလို၊ချစ်စရာလည်းကောင်းနေပြန်တယ်။

ရင်ခွင်ထဲထည့်ကာဆွဲဖက်လိုက်မှ ရင်ခွင်ထဲကအကောင်ပေါက်လေးကျန့်ကျန့်ကပိုမိုအော်ငိုလာလေတယ်။

" အဟင့် အီးးးးဟီးးးးးး "

" ကိုကိုရှိတယ်နော် နောက်ဆိုမငိုနဲ့တော့ နောက်ဆိုကျန့်ကျန့်မှတ်ထားတော့နော် ကိုကိုကမင်းရဲ့အကိုတစ်ယောက်ပဲဆိုတာ၊ကျန့်ကျန့်ဘာကိစ္စရှိရှိကိုကို့ကိုရင်ဖွင့် "

" ကိုကိုကကျန့်ကျန့်အနားအမြဲရှိနေမှာ ကြားလား "

ရင်ခွင်ထဲကကောင်လေးကျန့်ကျန့်ကဘာမှတော့ပြန်မပြောပေမယ့်ခေါင်းတစ်ဆက်ဆက်ညိမ့်ပြလာတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Où les histoires vivent. Découvrez maintenant