မိုင်နိုးရက်စ်ကျောင်းတော်မှာ ဒဏ္ဍာရီအဆင့်ခေါင်းလောင်းကိုမြည်ဟိန်းအောင်လုပ်နိုင်တဲ့သူက လက်ချိုးရည်တွက်လို့တောင် ရသေးသည်၊ဒါကြောင့် ဒီတစ်ခေါက်မှာ ပါရမီရှင်ဘယ်နှဦးက ဒဏ္ဍာရီအဆင့်ကို လွှမ်းမိုးမလဲကြည့်ရသေးတာပေါ့၊
"ဒီတစ်ခါတော့ ပထမနှစ်ရဲ့ဒီအတန်းကျောင်းသားတွေ အရင်ဆုံးယှဉ်ပြိုင်ရမယ်"
ကြီးကြပ်သူစကားကြောင့် ဒန်နာရီတို့အဖွဲ့လည်း အသင့်အနေအထားပြင်လိုက်သည်၊ကြီးကြပ်သူက သေချာရှင်းပြပြီးသားပေမယ့် ဒီအတန်းကျောင်းသားတွေ ကြောက်လန့်နေစဲဖြစ်တာကြောင့် အန်းလ်တိုက အရင်ဆုံးထွက်သွားလိုက်သည်၊
"အန်းလ်တိုပဲ... အန်းလ်တိုကလည်း ဒန်နာရီလိုပဲ ကောင်းမွန်တဲ့ရလဒ်တွေနဲ့ဦးဆောင်တဲ့သူတစ်​ယောက်ပဲ ပြီးတော့ သူကလည်း ဆရာလျူးဝစ်ရဲ့တပည့်ပဲ"
"ဟ အဲတာဆိုရင် ဆရာလျူးဝစ်က ပထမနှစ် တပည့်နှစ်ယောက်ကို ရထားတာပဲ"
လူတိုင်းက ဆရာတွေရှိရာခုံတန်းကို လှမ်းကြည့်ရင်းအားကျစွာပြောနေကြတော့သည်၊အန်းလ်တိုလိုတပည့်မျိုးကို ပိုင်ဆိုင်ထားတာ ဘယ်လောက်ကောင်းလှသလဲ၊ဒါက အရည်အသွေးကောင်းမွန်တဲ့ကျောက်စိမ်းရိုင်းကို ကိုယ်လိုရာပုံကိုအေးဆေးသွေးနိုင်တဲ့အဆင့်ပင်၊
အန်းလ်တိုက ရွှေရောင်ဝင်းလက်တောက်ပနေတဲ့မှော်ခေါင်းလောင်းကြီးဆီကို ဖြေးညင်းစွာလမ်းလျှောက်သွားလိုက်ကြီး ခေါင်းလောင်းကြီးရဲ့အောက်ခြေရှိကြိုးကို လှမ်းဆွဲလိုက်သည်၊ပြင်းထန်တဲ့ဖိအားတွေက ကြိုးကနေတဆင့် လက်ဆီကိုစီးဆင်းလာချိန်မှာ အန်းလ်တိုက မျက်မှောင်အနည်းကြုတ်သွားပြီး ပထမဆုံးအချက်ကို တီးခတ်လိုက်သည်၊
*ဒေါင်*
ကျယ်လောင်တဲ့ခေါင်းလောင်းအသံဟာ ပတ်ဝန်းကျင်ကိုလွှမ်းမိုးစွာထွက်ပေါ်လာတော့သည်၊ဒါက ပထမဆုံးတစ်ချက်ဖြစ်တာကြောင့် လူတိုင်းက စိတ်မလှုပ်ရှားသေးပေ၊ အန်းလ်တိုက နောက်တစ်ချက်ကို ထပ်တီးလိုက်သည်၊ဒီတစ်ခါမှာတော့ အန်းလ်တိုက သိပ်တော့ စိတ်ရှည်ပုံမရပေ၊