ဒန်နာရီအတွက်လည်း လွယ်ကူလှသည်တော့မဟုတ်ပေ၊ သူ့ရဲ့ခန္ဓာကိုယ်က နာကျင်နေပြီး ခေါင်းပေါ်ကနေ တောင်ကြီးတစ်တောင်ဖိထားသလို ခံစားလိုက်ရသည်၊ပြီးတော့ ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအားများကလည်း တည်ငြိမ်မှုမရှိပဲ ဂယောင်းဂဆန်ဖြစ်နေသည်၊
အန်းတိုလ်တို့ကလည်း ဒန်နာရီအစား စိတ်လှုပ်စားရှာ စိုက်ကြည့်နေကြတော့သည်၊သူတို့ကိုယ်တိုင် အထစ်ကိုးဆယ့်ကျော်နား ရောက်လာပြီး အထစ်တစ်ရာကိုနီးလာလေလေ အကျိုးကျေးဇူးများခံစားရလေလေဖြစ်သည်ကို သူတို့ကိုယ်တိုင်သိကြသည်၊
ဒန်နာရီသာ အထစ်တစ်ရာကို ရောက်ရှိသွားရင် ထူးကဲတဲ့အမွေပညာရပ်ကို ဆက်ဆံရလိမ့်မည်၊ဒါက ကျောင်းတော်က ကျောင်းသားတိုင်းသိကြသည်၊
'ကြိုးစားထား ဒန်နာရီ!'
"အမှတ်ငါးသောင်းတဲ့ ဒန်နာရီ!" အီရှကလည်း အားကုန်အော်ပစ်လိုက်သည်၊
ဒန်နာရီက ခြေတစ်လှမ်းကို လှေကားထစ်ပေါ်ချလိုက်ချိန်မှာ ပြင်းထန်တဲ့ဖိအားကြီးကြောင့် ဒူးတောင်အနည်းငယ်ကွေးကျသွားသည်၊ဒန်နာရီက အံကြိတ်လိုက်ပြီး ဖိအားကို တောင်ခံကာ ခြေလှမ်းကို အပြည့်အဝလှမ်းလိုက်သည်၊
ထိုချိန်မှာ ရွှေရောင်အလင်းတန်းများပေါ်ထွက်လာပြီး ဒန်နာရီအပေါ် ဖြာဆင်းလာတော့သည်၊
[ဒန်နာရီ ရိုစဲဆလပ် မှော်လှေကားထစ်ရဲ့ပါရမီရှင်အဖြစ် မှော်လှေကားထစ်ရဲ့ဝိညာဉ်မှ အသိအမှတ်ပြုသည်]
[ဆုလာဘ်အဖြစ် မှော်အမှတ်ငါးသောင်း၊အလင်းကျောက်တစ်ရာ၊မှော်စွမ်းအားမြှင့်တင်တဲ့ဂျူးရစ်နယ်မြေဝင်ခွင့်လက်မှတ်တစ်ခု၊ရွှေအဆင့်တံဆိပ်ကို ပေးအပ်သည်]
ကွင်းတစ်ကွင်းလုံး အားပေးအော်ဟစ်သံများထွက်ပေါ်လာတော့သည်၊ဒါက ရူးသွပ်လောက်စေတဲ့ဆုလာဘ်ပင်၊ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲက ပထမနှစ်တွေအတွက်သာဖြစ်ပြီး ရွှေအဆင့်တံဆိပ်နဲ့တင် အတော်ကိုတန်နေပြီလို့ ခံစားရသည်၊ဒန်နာရီသာမကဘူး အထစ်ကိုးဆယ်အထက်ကိုရောက်တဲ့သူတိုင်းကလည်း ဆုလာဘ်ချီးမြှင့်ခံရသည်၊ဂျူးရစ်နယ်မြေကို ဝင်ရောက်သည့်လက်မှတ်ဖြစ်ပြီး ကျောင်းတော်ကကျောင်းသားတိုင်းလိုချင်တဲ့အရာဖြစ်သည်၊