အပိုင်း - ၂၂။

Start from the beginning
                                    

" အာ...မနက်ဖြန်ဆိုတော့ချက်ချင်းကြီး။ ရပါတယ်အေရီ အရေးကြီးတာပဲကို..."

အေရီသည်ခေါင်းသာငြိမ့်ပြီး ဘာမှဆက်မပြောပဲဆေးဘူးတွေပြန်သိမ်းနေသည်။ အကြင်နာလဲအောက်ထပ်ကို ပြန်ဆင်းလာတော့ စကားထိုင်ပြောနေကြတဲ့ မေမေနှင့် တီတီ့ကြားဝင်ထိုင်လိုက်သည်။

" အကြင်နာပြီးရင် ယမင်းနဲ့လိုက်သွားလိုက်ဦး။ "

" ဘယ်ကိုလဲမေမေ။ "

" မနက်ဖြန်ခက်ဝါမွေးနေ့လေဟယ်။ မွေးနေ့လက်ဆောင်ရွေးမို့ လိုက်ပို့ပေးလိုက်ဦးပြောတာ။ "

ခက်ဝါဆိုတာနှင့် အကြင်နာပါးတွေစပ်ဖျင်းဖျင်းဖြစ်ကာ သေသာသေချင်တော့သည်။ ဘယ်လိုမှတီချယ်နှင့် မျက်နှာချင်းဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါ။

" လိုက်ပို့ပေးပါ့မယ်။ ပြီးတော့လေ အေရီကအလောတကြီးမနက်ဖြန် သူ့အဖေဆီပြန်ဖို့ရှိတယ်။ "

" ဟုတ်လား...ပြန်တော့လဲချက်ချင်းကြီးကွယ်။ "

" အကြင်နာလဲအဲ့တာပြောတာလေမေမေရယ်။ ချက်ချင်းကြီး။ "

တီတီက စိတ်မရှည်သည့်သဘောဖြင့် ထရပ်ကာပြောသည်။

" အရေးကြီးလို့နေမှာပေါ့ဟယ်။ လာလာအကြင်နာ နင်လိုက်ပို့တော့အခု။ "

တီတီကို လိုက်ပို့၍ ကားမောင်းနေစဥ် တီတီနှင့် လွန်းအကြောင်းကို မှတ်မိသွား၍ တစ်ခဏတာ စိတ်အရင်ငြိမ်အောင်လုပ်လိုက်ရသည်။ အကြင်နာဒီအကြောင်းကိုမေ့နေတာ။ ဆိုင်ရောက်တော့ တီတီပဲလက်ဆောင်အတွက်ရွေးလိုက်တော့ဆို၍ အကြင်နာကားပေါ်မှာပဲထိုင်ကာ တီတီယမင်းအား လွန်းနှင့်ပက်သက်၍ မေးသင့်မမေးသင့် စဥ်းစားနေမိသည်။

စဥ်းစားနေရင်းနဲ့မှ အကြင်နာ၏ကားရှေ့တွင် လာရပ်သော ကားဟာ အကြင်နာ့ကားနှင့် ထိတော့မှာ နဲနဲပဲလိုတော့သည်။

" car parking တောင်သေချာမထိုးတက်ဘူးလားကွာ!။ ထိတော့မှာပဲ။ "

စိတ်တိုတာကော ရောပြီးရှေ့က ကားကိုကြိမ်ဆဲလိုက်သေးသည်။ ကားထဲက ထွက်လာသည့်သူကိုစောင့်ရင်းကြည့်နေမိသည်။ ခဏအကြာတော့ အရပ်ရှည်ရှည်အမျိုးသားတစ်ယောက်ထွက်လာပြန်တယ်။ သေချာကြည့်မိတော့မှ တီချယ်ရဲ့အမျိုးသားဆိုတာ မှတ်မိသွားသည်။

ချစ်မိသွားချိန်၌Where stories live. Discover now