ပိတ်ဖြူ အုပ်ထားတဲ့ အလောင်းက
ခြောက်ကပ်တိတ်ဆိတ်နေသည်။"လူနာက ခေါင်းကို ထိတဲ့ဒဏ်ရာက
အရမ်းပြင်းလွန်းတာကြောင့် ဆေးရုံရောက်လာပြီး နာရီဝက်အကြာမှာပဲ
ဆုံးပါးသွားပါတယ်ရှင် ...စိတ်မကောင်းပါဘူး ညီမ .."သူနာပြု ရဲ့စကားသံ ဟာ စန္ဒကူး နားထဲ သံရည်ပူလောင်းထည့်လိုက်သလို့
ပူလောင်စွာ စီးဝင်လာတာကြောင့်
သူမ ခေါင်းခါ့၍ သမီးလေး လက်ကို
ယောင်ရမ်း စွာ လွှတ်လိုက်၏။" မေမေ ..ဖေဖေ က ဘယ်မှာလဲဟင် .. ဖေဖေ ဆီ သွားမယ်လေ ..
ဒီမှာ ဘာရပ်လုပ်နေတာလဲ ...
ဖေဖေ ဆီသွားရအောင်နော် ..."သမီး ရဲ့ ငိုသံရောနေတဲ့ စကားဟာ
စန္ဒကူး ရင်ထဲ ဆို့နင့်စွာ ၀င်ရောက်လာသည်။"မဟုတ်ဘူး ..မဖြစ်ရဘူး ..
အဲ့လို့ မဖြစ်ရဘူး ..မောင် ..အဟင့် ဟင့် ..မောင် မဖြစ်ရဘူး နော် . ငါ တို့ကို ထားသွားလို့ မရဘူးလေ မောင်ရဲ့..."" မေမေ .."
စန္ဒကူး သတိလက်လွတ်ငိုကြွေးကာ
ပိတ်ဖြူအုပ်ထားတဲ့ အလောင်းဆီ
ပြေးဝင်သွား၏။" မောင် . မဟုတ်ဘူးမလား ...
ငါ ကို ဒီလို့ မနောက်ပါနဲ့ ...
မောင် ..မရဘူး နော် ..ဒီလို့ထားခဲ့လို့ မရဘူး..."" မေမေ ..ဖေဖေက ဘယ်မှာလဲ ..
ဖေဖေ ဆီ သွားမယ် ..ဖေဖေဆီသွားရအောင် ကူးငယ် ဖေဖေ ဆီ သွားမယ်လို့
အီး ဟီး ဟီး ..."" ငါတောင်းပန်ပါတယ် မောင်ရယ် ..
ငါကို ဒီလို့ မထားခဲ့ပါနဲ့ ...ငါ သေရလိမ့်မယ် ..ဒီအတိုင်း ငါ မောင် ကို ထွက်သွားခွင့်မပြုဘူး နော် ..အီး ဟီး အဟင့် ..""ဟင်အင်း ..ကူးငယ် ဖေဖေ မဟုတ်ဘူး ..မေမေ မငိုပါနဲ့ ..ဖေဖေ ဆီ သွားမယ်..လို့ ..အီး ဟီး ဟီး .."
မသူဇော် သားအမိ နှစ်ယောက်
အလောင်းကို ဖက်ပြီး ရှိုက်ကြီး တငင့်
ငိုနေတာ ကို ကြည့်၍ သူမ ပါ မျက်ရည်တွေ စီးကျ လာ၏။ကူးငယ်လေးဆီ လျှောက်သွားကာ
ချော့မော့ ဖို့ ရင်ခွင်ထဲ ထွေး ဖက်ပေမဲ့
ပြန်ရုန်းကန်ကာ ငိုယို တော့သည်။"ကူးငယ် ဖေဖေ မဟုတ်ဘူး ..
အဲ့ဒါ ကူးငယ် ဖေဖေ မဟုတ်ဘူး လို့ ..
ဖေဖေ ကို ခေါ်ပေး လို့ ..အီး ဟီး ဟီး .."
The End
Začať od začiatku