ခြေထောက် တင်ရတာ တော်‌ တော်တော့  ဝါသနာကြီး ပုံရတဲ့ ယောင်္ကျားပဲ..

ကားစီးတာတောင် အခန့်သား ခြေထောက်လာတင်ဖူးတဲ့ ယောင်္ကျားဆိုတော့ ကုတင် ပေါ်ဆိုရင် တော့ .. အင်း.. မပြောတော့ပါဘူးလေ …‌

ခြေထောက်တင်တာလေးနဲ့ စောစောစီးစီး ရန်သွားလုပ်ရင်လည်း ကိုယ်ပဲ မိအေး နှစ်ခါနာ ဖြစ်သွားမှာ ကြောက်လို့ နောက်ဆုံးမှာ  ကျွန်မက တိတ်တိတ်ကလေး စောင်လေးကို အသာယာဖယ် ..

အကြောဆန့်ဖို့ ပြင်ထားတဲ့  ကိုယ့်ခြေထောက်ကလေးကို အသာလေး ကုတင်အောက်ချ ..

ခြေထောက်နှစ်ဖက် ကုတင်အောက်ကျလို့ ကြမ်းပြင်နှင့်ထိပြီဆိုမှ ဇွတ်ခနဲ ခေါင်းထောင်  ခါးမတ်ပြီ မက်တပ်ရပ် လိုက်သည် ..

“ဟူး … အမယ်လေး ငါ့နှယ် နံနက်ခင်း အိပ်ရာထ တာတောင် တူတူပုန်းတမ်းဆော့သလို လူမိမှာ ကြောက်နေရသေး ..”

သည်လိုတွေးရင်  ကျွန်မက ခြေလှမ်း တွေကို ခပ်ဖွဖွလေး နင်း လမ်းလျှောက်ပြီ အိပ်ခန်းတံခါး အရင်ဖွင့် လိုက်သည်..

ထို့နောက် အိပ်ခန်းအပြင်ထွက်ရင်  ၀ရန်တာဖက်ကို အမှတ်တမဲ့ မျက်လုံးက
ကြည့်မိလိုက်၏..
.
.
သူ့အိမ်ကရပ်ကွက် အလယ်ခေါင် လမ်မကြီး ဘေးမှာ ရှိသည်မို့ သွားလာ လူပ်ရှားနေသော သူများကို မြင်နိုင်သလို မျက်နှာချင်းဆိုင်အိမ်က မဝါတို့လူပ်ရှားပုံကိုပါ လှမ်း မြင်နေရသည် ..

“အို .. ကြည့်ပါအုံး တီရီ တောင် နံနက်စောစော ဆွမ်းတော်ကပ်ပြီ ဘုရား၀တ်ပြုတော့မှာပဲ …”

တစ်ဖက်အိမ်က ယောက်မအကြီး လူပ်ရှားမူ့ကို မြင်တော့မှ မခင်မျိုး ခေါင်းထဲ ဆွမ်းအတွက် ထမင်းချက်ဖို့ ဟင်းချက်ဖို့ ကို သတိရပြီ အခန်းထဲက သူ့ကိုနိူးပြီ ဈေး လိုက်ပို့ ခိုင်းသည် …

@@@

ဈေးမဟုတ်ပဲ အခုမှ ဆိုင်ဖွင့်ဖို့ပြင်နေသည့် လျှပ်စစ် ပစ္စည်း ဆိုင်နားရောက်တော့ သူက ကားရပ်လိုက်သည်မို့

“ဘာ၀ယ် မလို့လဲ ..”
“ခင်ခင်ပဲ .. ထမင်း ဟင်း ချက်ချင်တယ်ဆို .. ထမင်းအိုး ဟင်းအိုး ဘာညာအရင် ၀ယ်ကြမယ်လေ ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now