114 .1

275 52 1
                                    

ရုပ်ပျက်ဆင်းပျက်(pt-1)




လင်းရှင်း ဟာရိုးစင်း ချမ်းသာသောမိဘများ၏သားမဟုတ်ပေ။သူဟာ တတ်ကြွသောသဘာဝရှိပြီး မကြာခဏ ဆောင်ကြာမြိုင်များတွင် လတ်လျားလတ်လျား အချိန်ဖြုန်းတတ်သော်လည်း သူသည် စွမ်းရည်နှင့် ရည်မှန်းချက် ရှိသူဖြစ်သည်။



လင်း မိသားစုသည် အန်း မိသားစုနှင့်မတူပေ။သူတို့ဟာ ချမ်းသာသောမြေရှင်များ မဟုတ်ဘဲ စီးပွားရေးသမားများဖြစ်လေသည်။သူတို့ရဲ့လုပ်ငန်းကို (အိတ်လုပ်တဲ့)အထည်ကြမ်းများနှင့်စတင်ခဲ့သည်။သူတို့၏အဓိက စီးပွားရေးမှာ အထည်ကြမ်းများ ရောင်းချခြင်း မှ ပိုးချည်ထည်များပါရောင်းချခဲ့ပေမဲ့ လုပ်ငန်းမှာ မကြီးမားပေ။လင်းမိသားစု၏စီးပွားရေးကို လင်းရှင်း လက်လွှဲ မယူခင်ဖြည်းဖြည်းချင်းတိုးတက်လာခဲ့သည်။

မကြာသေးမီနှစ်များက လင်းမိသားစု၏ အထည်ကြမ်းများမှာ ကျော်ကြားလာခဲ့ပြီးပိုးထည်များတောင်မှအားပေးမှုရရှိနေသည်။

လင်းရှင်း လိုစီးပွားရေးအသိစိတ်အလွန်ပါးနပ်တဲ့သူက အန်းယ်ရှင်း နှင့်ကျန်းပိ ဘာတွေးနေတယ်ဆိုတာမသိစရာလား?

အန်း မိသားစု သခင်ငယ်လေး ၏ အဆင့်အတန်းသည်(ဝမ်ဖေးအဖြစ်) ပြောင်းလဲသွားခဲ့သောကြောင့်ပထမတော့ သူဟာ အန်းယ်ရှင်း နှင့် သူ့မိခင် တို့ကို လက်မလွှတ်ချင်ပေ ။ထို့ကြောင့် အန်းယ်ရှင်း ကိုစိတ်မကျေနပ်အောင်မလုပ်ရဲပေ။အစက သူတော်တော်လေးသည်းခံဖို့ကြိုးစားခဲ့ရသည်။

ဒါပေမယ့် အန်းယ်ရှင်း နဲ့ သူ့အမေက သူ့ရဲ့သည်းခံမှုကို အားနည်းမှုအဖြစ် မှတ်ယူခဲ့သည်။

ဒီလိုနဲ့ နှစ်ယောက်သား မောက်မာလာကြသည်။ ထို‌ ‌ေွးမ ကျန်းပိ သည် လှည့်ပတ်ရန် လင်း မိသားစုထံ မကြာခဏသွားလေ့ရှိသည် ။ထို့အပြင် သူမသည် လင်းမိသားစု၏ ကျွန်များကို အမြဲအာဏာပြပြီး အိမ်၏သခင်ကဲ့သို့ ပြုမူခဲ့သည်။

The Big Landlord (MM Translation) ||Where stories live. Discover now