ကလေးငယ်ရဲ့အကျင့်က ဒေါသထွက်တိုင်း
လက်ကိုအရင်ရှေ့တန်းတင်သူ
ထိုအကျင့်ကိုသိရက်နဲ့သား​ဖြစ်သူက
စိတ်တိုအောင်လုပ်လို့ ခုတော့ပြဿနာတတ်ကြပြီ။

"!အား....ကျွန်တော်ဘာလို့ဒီကောင်လေးကိုအသက်နဲ့ရင်းပြီးမွေးခဲ့ရတာလဲ"

"စိတ်ကိုလျှော့ပါကွာ လူတစ်ယောက်က
တခြားလူတစ်ယောကကိုချစ်မိရင်
မျက်ကန်းတစ္ဆေလိုပဲလေ ပြီးတော့သားရဲ့အရွယ်ကအချစ်အတွက်ဆိုရင်မိုက်ရူးဆန်ကြတဲ့အရွယ် ဦးထွဋ်တို့ကနားလည်ပေးရမှာ"

ကလေးငယ်ကအော်ဟစ်ကာပြိုလဲသွားတာမလို့အလိုက်သင့်ထိမ်းကာဖက်ထားပေးလိုက်သည်။
ကလေးငယ်ကိုနားလည်အောင်ပြောပြမှရတာမလို့ ဖြေးဖြေးခြင်းပြောယူရသည်။

"ဟိုကောင်လေးအပြုမူကို CCTVကနေပြန်ကြည့် ကျွန်တော့်သားကိုဟိုကောင်လေးလက်ထဲ
မထည့်နိုင်ဘူး"

"သားကိုဖြောင်းဖျကြည့်ရအောင်ကွာ"

"ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ကုန်နေပြီ
ရုန်ရုန်းလေးတစ်ယောက်တည်းရှိခဲ့ရမှာ"

"အဲ့လိုမပြောရဘူးဗိုလ် သားရဲ့အမြင်မှာ
ဖခင်ဆိုးတစ်ယောက်ဖြစ်ချင်လို့လား
သားသမီးရှိလာလို့ သူတို့အရွယ်ရောက်လာရင်
ချစ်ရေးကိစ္စရှိလာမှာ..... ဦးထွဋ်တို့မိဘတွေက
သွားပြီးတားလို့မရဘူး"

"သူတို့ရဲ့မိဘဆိုတာ အဖေနှစ်ယောက်ဖြစ်နေလို့
သူတို့အချစ်ရေးက ယောကျာ်းတွေကိုချစ်မိသွားကြတာလားမသိဘူးနော် ဦးထွဋ်"

"မဟုတ်တာကွာ..... ဦးထွဋ်တို့သားတွေမလို့
သူတို့စိတ်ဝင်စားတာယောကျာ်းတွေလို့မတွေးရဘူး ....သူတို့တွေအချင်းချင်းဖူးစာစုံလို့
တွေ့ကြတယ် ချစ်သွားကြတယ်သဘောထားရမှာ"

"ကျွန်တော် သားကိုရိုက်လိုက်မိတယ်"

သားရဲ့ပါးပြင်ဘယ်လောက်ထိနာကျင်သွားမလဲဆိုတာ သူရခန့်ဗိုလ်သည် ကိုယ့်လက်ကိုပြန်ကြည့်နေမိသည်။ကိုယ့်ရဲ့လက်က ထုံနေသလို
ခပ်ရဲရဲဖြစ်နေသည်လေ။သွေးပူနေတုန်းမလို့သာရိုက်လိုက်မိတာ နာကျင်သွားမည့်သားကို
သတိရရခြင်း ဦးထွဋ်ရင်ခွင်ထဲကနေရုန်းထွက်၍
သားရဲ့အခန်းဆီအပြေးသွားလိုက်သည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now