လက်ဝဲ ဘက်မှာတော့ ... ကျွန်အသားတံခါးကြီး ပိတ်ထားသည့်အခန်း..

ကျွန်မ ကြည့်နေသည့် အခိုက်တန့်မှာပဲ သူက ထိုအခန်းတံခါးကို ဖွင့်လိုက်သည်..

ဖွင့်လိုက်ပြီသည်နှင့် သူက ကျွန်မ နှင့်မျက်လုံးချင်း ဆုံ ‌ကျွန်မကို သေချာစိုက်ကြည့်နေသည်..

ကျွန်မကလည်း ကျွန်မ ခြေလှမ်းများကို ရှေ့ဆက်မလျှောက်ဘဲ အခန်းတံခါး၀မှာ ရပ်နေသည့်သူ့ကို ပြန်ကြည့်နေမိ၏..

စောစောက သွေးပူသွားသော ကျွန်မခြေလက်တွေက ပြန်ပြီ အေးစက်လာသလို ခံစားရသည်..

ခေါင်းကလည်း တရိပ်ရိပ်နှင့်မူးလာသလိုပင်..

ရင်ဘက်ထဲကလည်း စောစောကလို  တည်ငြိမ်နိုင်ခြင်းမရှိ လုံးချာပတ်ချာလည်နေသလို ကြီး...

ကျွန်မက ကျွန်မ ခံစားမူ့ကြီး ဖြင့် ရှေ့ဆက်ရနိုးနိုး ထိုင်ချရနိုးနိုး ဗျာများနေဆဲမှာပဲ သူက ကျွန်မ လက်ကို လာကိုင် ပေးပြီ

“ခင်ခင်  လက်တွေ အေးနေတာပဲ ..”

ကျွန်မ ပြန်မဖြေနိုင် သူကိုင်ထားသည့်အတိုင်း သူခေါ်သည့်အတိုင်းသာ
အခန်းထဲ ရောက်သွားသည်..

အခန်းထဲ ရောက်သွားသည်နှင့် ကျွန်မမျက်လုံးထဲ တန်း၀င်လာသည်က နှစ်ယောက်အိပ် ကုတင် အကြီးကြီး ..

မွေ့ယာတွေ ထူထူထပ်ထပ် ခင်းထားပုံက သူ့ဒေသက ရာသီဥတုနှင့်လိုက်ဖက်ညီ ပါသည်..

နက်ပြာရောင်ခေါင်းအုံးဖုံး အရောင်ဆင်တူ ပုံစံတူလေး နှစ်ခုကလည်းထင်းနေပါသည်..

ကျွန်မက မျက်လုံးထဲ၀င်လာသမျှ အရာတွေကို အကဲခတ်ရင် ကျွန်မလက်ကိုသူကိုင်ထားသည်ကိုလည်း မေ့နေမိသည်…

သူက ကျွန်မလက်ကို ခပ်တင်းတင်းလေး ဆုပ်နယ်ပြီ ခင်ခင် လို့ခေါ်လိုက်မှ အသိ၀င်ကာ  ပါးစပ်ထဲ တွေ့ကရ မေးလိုက်မိသည်..

“ရေချိုးခန်းက ဘယ်မှာလဲ …”

“ခင်ခင် ရေချိုးမလို့လား .. အအေးမိ ပါအုံးမယ်..”

“မိလည်းမိပါစေတော့ .., အန်ထားတော့ လူက ချဉ်စော်နံနေသလိုပဲ..”

Old Love ( အရွယ်လွန် အချစ် )Dove le storie prendono vita. Scoprilo ora