chapter 1

11.3K 76 0
                                    

အပိုင်း 1။

မြို့လည်ခေါင် ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခု၏ ဖွင့်ပွဲဖြစ်သည်။

တန်ဖိုးကြီးကားပေါင်းများစွာက ကင်မရာမီးရောင်အောက်မှာတစ်ဖျတ်ဖျတ်လင်းလက်တောက်ပနေ၏။

ထိုအချိန် သိမ်းငှက်ပျံဝဲနေတဲ့တံဆိပ်နဲ့ကားပေါင်းများစွာကရောက်ချလာပြီး ကားနက်လေးတစ်စီးကိုဝိုင်းရံထား၏။

ကင်မရာသမားများနဲ့စာနယ်စဉ်းများကလည်း ခေါင်းထောင်လာကြကာ ကင်မရာအရောင်များကအရင်ကထက်စူးလာသည်။

ပရိတ်သတ်များက ဇဝေဇဝါဖြစ်နေတုန်း သတင်းထောက်တစ်ယောက်၏ 'ပတ္တမြားစံအိမ်တော်က မြေးဦးတွေ'ဆိုတဲ့စကားကိုကြားလိုက်ရသည်။

စကားလည်းဆုံးပြီးတော့ ကားတစ်ခါးကပွင့်လာကာ ရှည်ရှည်သွယ်သွယ်လက်တစ်ဖက်ကဆန့်ထွက်လာလေသည်။

ထို့နောက် နက်ပြာရောင် suit အပြည့်နဲ့ တစ်ကိုယ်လုံး limit edition အပြည့်နဲ့ အရမ်းကိုချောတဲ့ လူတစ်ယောက်က ဆင်းလာတော့သည်။

ပြီးတော့ ကားပေါက်ဘက်ကို လက်တစ်ဖက်ကမ်းလိုက်တော့ ထို့လက်ထက်ပိုသေးသွယ်တဲ့ လက်ဖြူဖြူလေးတစ်ဖက်က ကမ်းပေးလာတဲ့လက်ကိုထပ်လိုက်တော့သည်။

တစ်ဖန်ဆင်းလာသူကလည်း နတ်သမီးအလား။

လှပစွာဖြင့် နှုတ်ခမ်းဘေးက မှဲ့နီလေးက မြင်တဲ့သူတိုင်း မာနကြီးကာမောက်မာစေချင်စရာ။

သူတို့၂ဦးဆင်းလာတော့ ကင်မရာများဟာလည်း တစ်စက္ကန့်လကိုပင်လွတ်သွားတော့မတတ်တစ်ဖျတ်ဖျတ်နဲ့။

ရောက်ရှိလာသူများကတော့ မင်းသားတွေပြိုင်ရင်တောင်ရှုံးအောင်ချောတဲ့ ပတ္တမြားစံအိမ်တော်ကြီး၏ ဆက်ခံသူ
စိုင်းစမ်းမဟာမြတ်။

နောက်တစ်ယောက်ကတော့ အိမ်တော်၏ မင်းသမီးလေး ခေတ္တာမုဓ္ဒရာ‌ဒေဝီ။

ပတ္တမြားစံအိမ်တော်။

ထိုအိမ်တော်က မင်းတွေစိုးစံလာတဲ့ခေတ်ကတည်းကတည်ရှိခဲ့တဲ့စံအိမ်တော်။ တော်ဝင်သွေးတွေ ဆက်ခံလာတဲ့အိမ်တော်။

အဲ့အိမ်တော်မှာ အမြဲတမ်း သားနဲ့သမီးဘဲမွေးသည်။

သားက ဆက်ခံသူဖြစ်ကာ သမီးကတော့ အမြဲမင်းမျိုးနွယ်တွေချည်းနဲ့သာ လက်ထပ်သွားကြသည်။

အခုလည်း စိုင်းစမ်းနဲ့ခေတ္တာက အ‌မွှာတွေဖြစ်ပြီး အိမ်တော်ကြီးကလည်း စီးပွားရေးကျယ်ပြန့်လှသောကြောင့် သူတို့၂ယောက်ကိုမသိသူမရှိ။

ရေခဲတုံးမောင်နှမဟု။

ထိုရေခဲတုံးမောင်နှမကတော့ အချင်းချင်းလက်ချိတ်ကာ ဟိုတယ်ထဲဝင်သွားတော့သည်။

ရောက်လာကတည်းက ဧည့်သည်တွေဘဲနှုတ်ဆက်နေရတာကြောင့်ခတ်ပင်ပန်းနေပြီ။

စိုင်းစမ်းကတော့ စီးပွားရေးပညာရှင်ကြီးတွေနဲ့စကားပြောကောင်းတုန်း။

ပွဲတော်မုန်းသူခက်ကတော့ ဝိုင်တွေချည်းထိုင်သောက်နေတော့သည်။

"ဟေ့အလှလေး"

"ဟင်"

ခက်အသံလာရာကိုလှည့်ကြည့်လိုက်တော့ စိုင်းလောက်ရှိမည့်လူတစ်ယောက်။

ရင်းနှိးသလိုလို။

"ဟတ်။မင်းမမှတ်မိမှန်းကိုယ်သိတယ်။ကိုယ်က ထင်လင်းသစ္စာပါ။ xxx group ရဲ့ CEOလေ"

"အော်။ဟိုတစ်ခါကအသစ်ဖွင့်လိုက်တဲ့ fashion ဆိုင်ကမလား။တွေ့ရတာဝမ်းသာပါတယ်ခက်ပါ"

ထင်လင်းကတော့ ရှေ့ကနတ်မိမယ်လေးကိုအကြည့်မလွဲနိုင်တော့။

‌ခက်က သူတို့လို လူကုန်ထန်တွေကြားအရမ်းနာမည်ကြီးသည်။ ဒါပေမဲ့ခက်ကမာနကြီးတာကြောင့်ဘယ်သူမှ အနားမကပ်ခဲ့ရ။

"ကိုယ်မင်းကိုတွေ့ချင်နေတာကြာပြီ။
ဒီမှာကဆူတယ်။ကိုမင်းကို အမူးပြေ ကော်ဖီတစ်ခွက်လောက်တိုက်လို့ရမလား"

ခက်တစ်ဖက်လူကိုကြည့်ကာ သူ့နောက်က စိုင်းကိုပြန်ကြည့်လိုက်သည်။
စိုင်းကတော့ သူ့လေကြောက သူ့အရပ်ထက်ရှည်သည်။

ပြီးတော့သူဒီမှာမနေချင်တော့။ လူတွေကသူ့ကို ပူလောင်ပြင်းပြစွာစိုက်ကြည့်နေတာကိုသူသည်းမခံနိုင်တော့။

"ကောင်းပြီလေ ကျွန်မလိုက်မယ်"

ဒီတစ်ခါတော့ပျော်သွားသူက ထင်လင်း။ နောက်ဆုံးတော့ သူဘုရင်မကိုဖိတ်လိုက်နိုင်ပြီ။

......

🍷 Toward Mr_🍷Where stories live. Discover now