လှမ်းနေရင်ဆဲဆဲမှာပဲ မိုးသံတွေကြားက အသံစူးစူးကလေး တစ်သံ အိမ်ထဲထိ တိုး၀င်လာသည်

“ဦးမျိုး .. ဦးမျိုး .. ဦးမျိုး ..”

အသံကလေးက ငိုသံတွေပါနှော နေမှန်း ကြားရုံဖြင့်သိနိုင်၏..

သူရော ကျွန်မပါ ခြေလှမ်းတွေရပ်တန့်ပြီ လှေကားပေါ်ကနေ နောက်ပြန်လှည့်ကြည့်မိသည်..

လှမ်းကြည့်ရုံဖြင့် ငယ်ရွယ်သူမှန်းသိသားသည် …

တော်တော်လှသည်ဟု ပြောမရပင်မယ့် ငယ်ရွယ်မူ့ဂုဏ်ကလေးပါထည့်ကြည့်ရင်အတော်ကလေးတော့  ကြည့်ကောင်း၏…

လှနေသည့် သူမမျက်နှာလေးပေါ် မျက်ရည် တွေ နဲ့ မိုးရေတွေပါစိုရွှဲနေသည်မို့ ကျွန်မကတော့ သနားစဖွယ် ဂရုဏာမျက်၀န်းများဖြင့်သာ စိုက်ကြည့်နေမိသည် ..

ကျွန်မ လက်ကို ဆွဲထားတဲ့ သူကတော့ ပိုပြီ ကျွန်မလက်ကို ခပ်တင်းတင်းဆွဲပြီ 

“ကိုဇွဲ .. ကိုဇွဲ .. ကိုဇွဲရေ ..” လှမ်းခေါ်နေသည် ..

မျက်ရည်စတွေ မိုးရေ တွေနဲ့ ရောနေသည့် မိန်းကလေး တစ်ယောက်က

ဦးမျိုး လို့ ပစ်အော်လိုက်သည့်အချိန်တွင်  ကျွန်မလက်ကိုကိုင်ထားသည့်သူ့လက်က ကျွန်မလက်ကို ဆွဲညှစ်လိုက်သည့် သဖွယ် ဆုပ်ကိုင်လိုက်သည်မို့

ကျွန်မ သူ့မျက်နှာကို မော့ကြည့်ပြီ ခါလိုက်သည်…

သူက ကျွန်မလက်ကို အလွှတ်မပေး နောက်မှာ ရောက်လာသည့် ကိုဇွဲကို
မေးငေါ့ပြပြီ အပေါ်ထပ်ကို ဆက်တက်ဖို့ပြင်သည်..

မိန်းကလေးက  “ဦးမျိုး .. အရမ်းရက်စက်တယ် …”

  ပြောရင် အော်ကျယ်ကြီး ငိုချလိုက်တော့ ကျွန်မလည်း သူ့လက်ကို ခါချပြီ  အလယ်ရောက်နေသည့်လှေကား ထစ်များကနေ အောက်ထပ်ကို ပြန်ဆင်းလိုက်၏..

သူလည်း ကျွန်မနည်းတူ ဆင်းလာသည် …

ကျွန်မအောက်ထပ်ရောက်သည်နှင့် ကိုဇွဲက ‌ငိုနေတဲ့ ကောင်မလေးကိုချော့ရင် ချက်ချင်းပထုတ်ဖို့  လုပ်နေသလောက် ကောင်မလေးက ပေကပ်နေသည်…

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now