ဝူဝမ်ယွီသည် ရှောင်ယန်အား မြင်သည့်အခါတွင် အံ့အားသင့်နေမိသည်။
ရှောင်ယန်သည် ရုတ်တရက် ထွက်ပေါ်လာသည့် ဝူဝမ်ယွီအား မြင်သည့်အခါ ခေတ္တမျှ ကြောင်အလို့နေပြီး ဝူဝမ်ယွီအား ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်လေသည်။
“ကောင်းလိုက်တာ.. ရှောင်ယွီက ဘေးကင်းကင်းနဲ့ ရှိနေတာပဲ.. တကယ်ကို ကောင်းတယ်..”
ရှောင်ယန်သည် စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးလုမတတ် ဖြစ်နေသည်။ အခြားသူများသည် ထူးထူးခြားခြား လှပသည့် အမျိုးသမီးအား မြင်တွေ့သည့်အခါ မျက်လုံးများ တောက်ပလာကြသည်။
ဤတစ်ကြိမ်တွင် ရှောင်ဝူယိသည် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုအား အလေးမထားနိုင်ချေ။ ဘယ်ဘယ် ညာညာ ကြည့်လိုက်သော်လည်း နျဲ့ရှောင်၏ ပုံရိပ်အား မတွေ့ရချေ။ ထို့ကြောင့် နင်ဖုန်း၏ အင်္ကျီလက်အား ဆွဲလိုက်သည်။
“နံစော် ဖုန်းဖုန်း.. ရှောင်ယန် ကျဲကျဲ.. ဒယ်ဒီ ဘယ်မှာလဲဟင်..”
ရင်းနှီးသည့် အခေါ်အဝေါ်အား ကြားလိုက်သည့်အခါ ရှောင်ယန်နှင့် နင်ဖုန်းတို့သည် နံဘေးတွင်ရှိသည့် အတော်လေးလှပသည့် ကောင်ငယ်လေးအား သတိပြုမိလိုက်ကြပြီး သူတို့၏ ခေါင်းထဲတွင် စိတ်ရှုပ်ထွေးလာကြသည်။ သူတို့၏ မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့သော လူတစ်ယောက်အား ဆုံတွေ့ခဲ့ဖူးခြင်း မရှိချေ။
ဝူဝမ်ယွီသည်လည်း မူမမှန်မှုအား သတိပြုမိသည်ကြောင့် ရှောင်ယန်နှင့် နင်ဖုန်းတို့အား အလျင်စလိုနိုင်စွာ ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်နေမိသည်။
“ဟုတ်သားပဲ.. ယန် ကျဲကျဲ.. ညီမရဲ့ အစ်ကိုကော..”
ရှောင်ယန်နှင့် နင်ဖုန်းတို့သည် ထိုအမေးအား ကြားသည့်အခါတွင် အခြားအရာများအား မစဉ်းစားနိုင်တော့ချေ။ ထိုနေရာတွင်ရှိသည့် အခြေအနေအား ပြန်လည်မြင်ယောင်မိသည့်အခါ သူတို့၏ အမူအရာများမှာ စိုးရိမ်ပူပန်မိလာသည်။
“မင်းရဲ့အစ်ကိုနဲ့ တခြားသူတွေက အခု အဆင့် ၃ ဇွန်ဘီရဲ့ ဇွန်ဘီအုပ်အလယ်မှာ ပိတ်မိနေတယ်.. ငါတို့ပဲ ထွက်ပြေးလာနိုင်ခဲ့တာ..”
Chapter 29🐹
Start from the beginning