( 10 ) U / Z

18K 791 137
                                    

U~

" သားလေ ကိုကို့ကို တစ်ကယ်သဘောကျတာပါ
ဒါပေမယ့်...အင့်! "

" ကိုယ်သိပြီ... ကိုယ်သိတာမလို့ မငိုနဲ့တော့နော် "

အချော့ခံရသည့်ကလေးက ပိုငိုသည်ဆိုသလိုပင် 'ရှိုင်း' က 'မြူငယ်' ၏မျက်နှာပေါ်မှ မျက်ရည်တို့အား သုတ်ပေးတော့မှ ပို၍ပင်အော်ငိုလာသည်။

" 'မြူငယ်'... "

အသံကြားလို့ နှစ်ယောက်လုံးမော့ကြည့်လိုက်တော့ အနားရောက်လာသည့် 'မင်းခ'... 'ရှိုင်း' ကဒူးထောက်နေရာမှ မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်တော့ 'မင်းခ' ကလည်း 'ရှိုင်း' ၏ပုခုံးကိုအသာပုတ်ကာ ပြန်နှုတ်ဆက်သည်။

" ဦး 'မြူငယ်' နဲ့စကားပြောချင်လို့ "

" ဟုတ်ကဲ့ ကျွန်တော်ပြန်လိုက်ပါဦးမယ်ဗျ.. ပေါက်စ ကိုယ်သွားပြီနော် မနက်ဖြန်မှပြန်လာခဲ့မယ် "

'မြူငယ်' ခေါင်းငြိမ့်ပြလိုက်တော့ 'ရှိုင်း' က 'မြူငယ်' ၏ဆံပင်တို့အား လက်ဖြင့်ထိုးဖွလိုက်သည်။ 'ရှိုင်း' သွားလိုက်တော့မှ 'မင်းခ' ကဘေးကခုံတန်းတွင်ဝင်ထိုင်ကာ....

" ကဲ ပြောပါဦး စိတ်အခြေအနေ ဘယ်လိုရှိလည်း "

'မင်းခ' ပြောလိုက်တော့ 'မြူငယ်' ကနှုတ်ခမ်းလေးထော်လာကာ တအိအိနှင့်ရှိုက်ငိုလာသည်။
'မင်းခ' ကဆရာဝန်တစ်ယောက်ဖြစ်သည့်အလျာက် စိတ်ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သူဖြစ်သည်။ 'မြူငယ်' ပထမတစ်ခါပြန်ပေးဆွဲခံရတုန်းကလည်း စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြသကာ စိတ်ဒဏ်ရာမဖြစ်စေရန် ကုသပေးသည်။ ယခုတစ်ခါတွင်လည်း 'မင်းခ' ကစိတ်ကျန်းမာရေးကို စိုးရိမ်နေသည့်ဟန်...ငယ်ငယ်တုန်းက အရမ်းထိတ်လန့်သွားသော်ငြား ယခုတစ်ခါတွင်တော့ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသား လူတစ်ယောက်ဖြစ်နေသည့်အပြင် အနားမှာ အရိပ်ရိပ်တကြည့်ကြည့်နှင့် ကာကွယ်ပေးကြမည့်သူများရှိနေသည်ကို သိရတော့ စိတ်သက်သာရာရသည်။

" သား.. အင့်! သားအသည်းကွဲနေတယ် 'ဦးမင်း'
အီးဟီး..... "

" ဟမ်! ရည်းစားထားဖို့တောင် အဖြစ်မရှိဘဲနဲ့
ဘယ်လိုဖြစ်ပြီး အသည်းကကွဲရတာတုန်း "

You're My Beloved ( COMPLETE )Where stories live. Discover now