ခွင့်လွှတ်ပါ ဆရာမ
ရေးသားသူ – အမည်မသိလွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ဤရွာ ဤကျောင်းကို စာသင်ပေးခဲ့သည့် မြို့ကြီးသူ ဆရာမကြီးဒေါ်နုနုထွေး ယခု ဤရွာကို အလည်လာသဖြင့် တပည့်အဟောင်းတွေ တပြုံးပြုံး တရွှင်ရွှင် သွားကန်တော့ကြပါသည်။ သို့သော် ထိုအထဲ၌ တပည့်ဟောင်းတစ်ယောက်ဖြစ်သည့် အောင်သိန်းက တော့ မပါဝင်ချေ။
“ဟေ့ အောင်သိန်း ။ ဆရာမကြီး ဒေါ်ထွေးထွေး အလည်လာသကွ။ ငါတို့သွားကန်တော့မလို့။ မင်းရော မလိုက်သေးဘူးလား။”
ထိုသို့ သူငယ်ချင်းတွေက မေးသည့်အခါတိုင်း
“အေး… နောက်နေ့မှသွားမယ်ကွာ”
ဟူ၍ အောင်သိန်းက ဖြေပါသည်။ သို့သော် သူသည် ဆရာမကြီးကို သွားကန်တော့ဖို့ စိတ်ကူးမရှိပါ။ အဘယ်ကြောင့်နည်း။ သူ့၌ ဆရာမကြီးကို နာကျည်းစရာ ရှိနေ၍ပါလော။ မဟုတ်ပါ။
—————————————
အတိတ်ကိုဆောင်ရမည်ဆိုသော် အောင်သိန်းသည် ဆယ်တန်း ဒုတိယနှစ် ကျောင်းသား။ ကျောင်းစာ တွင် စိတ်မပါ။ ရွာထဲက အရပ်သားတွေနှင့် ဘောလုံးကန်သည်။ ရွာပတ်ဝန်းကျင် ဇာတ်ပွဲ အငြိမ့်ပွဲ မှန်သမျှ ညလုံးပေါက် သွားကြည့်သည်။ စင်စစ် သူသည် ကျောင်းသားတစ်ပိုင်း အရပ်သား လူပျိုပေါက်တစ်ပိုင်း ဖြစ်ချေသည်။ ပြီးတော့ ဒီတစ်နှစ်လည်း စာမေးပွဲကျဦးမည်ဟု အများက သတ်မှတ်ထားသည့် အကောင်။
ထိုအချိန်မှာ သူတို့ကျောင်းကို ဆရာမအသစ် ရောက်လာ၏။ ရွာနှင့် မိုင်တစ်ရာကျော်ဝေးသည့် မြို့ကဆရာမကို ကျောင်းကော်မတီက ငှားလာခဲ့သည်။ အမည် မနုနုထွေး ။ စာအသင်ကောင်းလွန်းလှ၍ ငှားခက အများကြီးပိုပေးရသည်တဲ့။ စာသင် ကောင်းမကောင်းတော့ မသိ။ လှတာ တောင့်တာက တော့ ရက်ရက်စက်စက်ပင်။ အောင်သိန်းလည်း ကျောင်းမှန်မှန် ပြန်တက်ပါတော့၏။ ဆရာမ အရမ်းလှပေမဲ့ သူ စိတ်နဲ့တောင် မပြစ်မှားခဲ့ပါ။ ရိုသေသည်။ ချစ်သည်။ စာသင်ရတာလည်း ပျော်သည်။ သူ စာမှား၍ ဆရာမက သူ့ဗိုက်ကျော ဆွဲလိမ်သော်လည်း သူ မနာပါ။
—————————————
Wearing this dress on a windy day wasn't a great idea...
သို့သော် အထက်တွင်ဆိုခဲ့သည့်အတိုင်း သူ့မှာ နှစ်ဘဝရှိသည့်နှယ်။ ကျောင်းသားအောင်သိန်း အနေ နှင့် တပည့်လိမ္မာပီသသော်လည်း အရပ်သားအောင်သိန်း အနေနှင့်ကြတော့ တစ်မျိုးဖြစ်ချေ၏။ သူ့ဘော်ဒါ လူပျိုပေါက် လူပျိုသိုး မုဆိုးဖို ကျားကြီးတွေက စကားဝိုင်း အရက်ဝိုင်းတွေမှာ ဆရာမကို တစ်တစ်ခွခွ ပါးစပ်အရသာခံ ပြောကြပါသည်။