"နင် အားအင်မရှိသလိုမခံစားရဘူးလား"

ကုနန်ချန်က ခပ်တိုးတိုး ပြန်ဖြေသည်။

"မခံစားရပါဘူး"

သူမက မတ်တပ်ထရပ်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သူမက ဂရုတစိုက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အဝတ်လဲခန်း၏ ထောင့်တစ်နေရာတွင် တံမြက်စည်းတစ်ချောင်း လဲနေကြောင်းကို မြင်ရသည်။

သူမက ထွက်မသွားခင် ဘေးဘက်ရှိ နင်မုန့်ကို တချက်ကြည့်ပြီး‌နောက် တစ်စုံတစ်ရာကို သတိထားမိသွားသည်။

နင်မုန့်က သူမကို ထိုသို့ မေးခဲ့ကတည်းက နင်မုန့်ကိုယ်တိုင်က လှုပ်ရှားရန် အင်အားမရှိသောကြောင့် ဖြစ်လောက်သည်။

ကုနန်ချန်က နေရာတွင် ရပ်နေပြီး တုန့်ဆိုင်းသွားသည်။ သူမ၏ ခေါင်းအတွင်း မရေမတွက်နိုင်သောအတွေးများ ဝင်လာပြီး ‌နောက်ဆုံးတွင် ခေါင်းကို ငုံ့ကာ ခပ်တိုးတိုးပြောသည်။

"ငါ့ကို အပြစ်မတင်ပါနဲ့တော့"

ထို့နောက် သူမက တံခါးကို ဖွင့်ပြီး အမှောင်ထုအတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

နင်မုန့်၏ မျက်နှာထားကမူ မပြောင်းလဲချေ။ ကုနန်ချန်က သူမက အပြည့်အဝကောင်းကြောင်း ကိုယ့်ကိုယ်ကို သိလိုက်သည်နှင့် သူမက ထိုသို့လုပ်မည်မှန်း သိထားခဲ့သည်။ သူမ၏ စရိုက်ပင်ဖြစ်စေ သူမ၏ လက်ရှိအခြေအနေအရပင် ဖြစ်စေ နင်မုန့်ကို တွဲခေါ်မသွားနိုင်ပေ။

တံခါးက တင်းတင်းကြပ်ကြပ် မပိတ်ထားချေ။ ထို့ကြောင့် အပြင်ဘက်ကို မြင်နေရခြင်းက အမှောင်ထုတွင်းပေါက်တစ်ခုကို မြင်နေရသလို ထင်ရသည်။

နင်မုန့်က စတင်ကာ စိုးရိမ်လာပြီး အကြည့်ကို ရွှေ့ကာ စနစ်ကို မေးသည်။

"ငါ ပြန်ပြီး လှုပ်ရှားနိုင်ပြီလား၊ ဘယ်သူက ငါ့ကို ရိုက်သွားတာလဲ"

စနစ်က ပြန်ဖြေသည်။

"ယောက်ျားတစ်ယောက်ပဲ"

နင်မုန့်က နှုတ်ခမ်းမဲ့လိုက်သည်။ ထိုယောက်ျားက ဒီနေရာနှင့် သိပ်မဝေးသောနေရာတွင် ရှိနေလောက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now