" ဒီအဆောက်အအုံထဲမှာ ရှိသမျှလူအကုန်လုံး တစ်ယောက်မှအသက်ရှင်နေတာ မတွေ့ချင်ဘူး ကြားလား!!! "

'ခမ်း' ၏အမိန့်ပေးမှုအောက်တွင် Mask အမဲရောင်ကိုတပ်ဆင်ကာ လျှာထိုးဦးထုတ်အမဲရောင်များကို ခပ်ငိုက်ငိုက်ဆောင်းထား၍ လက်မောင်းတွင် နဂါးပုံပါသည့် ပဝါအနက်ကိုချည်နှောင်ထားသည့် လူများက 'ဟုတ်ကဲ့ပါ သခင်လေး' ဟုပြိုင်တူဆိုလာကာ အဆောက်အအုံအတွင်းသို့ အလျှိုလျှိုဝင်သွားကြသည်။

'သူရ' ဘေးမှာရပ်နေကြသည့် လူငါးယောက်ကိုပါ အချက်ပြလိုက်တော့ ထိုငါးယောက်ကပါ 'မြူငယ်' ၏အနားကို ရောက်သွားကာ 'မြူငယ်' ၏ခန္ဓာကိုယ်ကို ပွတ်သပ်ကာ အင်္ကျီတွေကိုပါ ဆွဲလှန်ပစ်ကျသည်။

" မထိနဲ့!..ဟင့်အင်း... မလုပ်ပါနဲ့ ..တောင်းပန်ပါတယ် မလုပ်ပါနဲ့ အာ့! "

ဆံပင်ကိုအနောက်မှဆောင့်ဆွဲခံလိုက်ရခြင်းဖြစ်ကာ ပါးစပ်ထဲသို့ လက်လေးချောင်းက တိုးဝင်လာသဖြင့် မျက်ရည်တို့ပင် စီးကျကာ ရုန်းကန်သော်လည်းမရ... အင်္ကျီကို လည်ပင်းအထိဆွဲတင်ပစ်ကာ ဘောင်းဘီကို ဆွဲချွတ်ရန်ပြင်နေကြသည့်အချိန်တွင် အခန်းထဲသို့ ဒုန်းဆိုင်းပြေးဝင်လာသည့် လူတစ်ယောက်...

" အစ်ကိုလေး!! Dra.. Dragon ဂိုဏ်းကလူတွေရောက်လာကြပြီ အမြန်ထွက်သွားမှရမယ် "

Dragon ဆိုသည့် နာမည်ကိုကြားတော့ 'သူရ' လန့်သွားသည်မှာ အမှန်ပင်... အခုကိစ္စမှာ Dragon ဂိုဏ်းက ဘယ်လိုဘယ်ပုံပက်သက်နေသည်မသိ...

Dragon... ဂိုဏ်းခေါင်ဆောင်က ဘယ်သူဘယ်ဝါမသိရ... နိုင်ငံရေးနှင့်ပက်သက်သည့် အဖွဲ့အစည်းများသာမက ဝန်ကြီးအချို့ကိုပါ ထိုဂိုဏ်းက
ထိန်းချုပ်ထားတာဖြစ်သည်။ မြန်မာနိုင်ငံက
မှောင်ခိုဈေးကွက်တွေထဲကို ဝင်ရောက်လာသည်မှာ ငါးနှစ်လောက်သာ ရှိသေးသော်ငြား
အလွန်နာမည်ကြီးသည့် ဂိုဏ်းတစ်ခုဖြစ်သည်။
ဂိုဏ်း၏အဖွဲ့အဝင်များက နဂါးပုံပါသည့် ပဝါကို
လက်မောင်းမှာ အမြဲချည်နှောင်ထားလေ့ရှိရာ
ကြည့်လိုက်တာနှင့် Dragonဂိုဏ်းကမှန်းအတပ်သိနိုင်သည်။ ခိုးကြောင်ခိုးဝှက် လုပ်တက်သည့်ထဲတွင် Dragon ဂိုဏ်းမပါပေ...

You're My Beloved ( COMPLETE )Where stories live. Discover now