"ဦးဖွားဖွား ဘာမှမဖြစ်လောက်ပါဘူးနော် ဟင့်ဟင့်"

"ကိုယ်တို့အတတ််နိုင်ဆံုးကြိုးစားထားတာပဲ Baeရယ် "

ဆိုတော့တအားငိုနေတာမို့ ရင်ခွင်ထဲထည့်ကာ
ဖက်ထားမိသည်။ ရင်ခွင်ထဲဖက်ထားရင်းBae ညိမ်သွားတာမို့ကြည့်တော့ ငိုရင်းပင်ပန်းလို့
အိပ်ပျော်နေတာမို့ အသာလေးပြန်ချကာ စောင်ခြံုပီး အဲကွန်းလျော့ထားပေးလိုက်သည်။ဆရာဝန်
ရောက်လာကာ စကားပြောပီးတော့ နေလေးကို
ဖုန်းဆက်ရသည်။ အသဲတို့အဖွားကအခြေနေ
မကောင်းလို့ ဒီညကနောက်ဆံုးဖြစ်နိုင်လို့မိသားစုတွေ လာဖို့ပြောရတော့သည်။

အသဲရဲ့မောင်လေးနဲ့ညီမလေးတွေရောက်လာတော့ အသဲလဲနိုးလာကာ အဖွားအကြောင်းကြားတော့ငိုနေတုန်း အသဲဒယ်ဒီနဲ့မာမီပါရောက်လာကြသည်။အသဲတို့မိသားစုတွေစုံပီး ဘယ်လောက်မှမကြာပါဘူး အသဲဖွားဖွားဆံုးသွားသည်။အသဲဒယ်ဒီနဲ့မာမီကတော့ အရုပ်ကြိုးပြတ်လိုကိုဖြစ်သွားကာဘာမှမလုပ်နိုင်တာမို့ တည်စေမင်းကပဲ အစအဆံုးစီစဉ်ရသည်။အဖိုးနဲ့အဖွားမြေကျသည်အထိ တည်စေမင်းနဲ့ အသဲရဲ့
ကယ်လေးတို့နဲ့သာအတူတူလုပ်ရသည်မို့ အသဲမိသားစုတွေနဲ့ရင်းနှိးလာသည်။ယောက်ခမလောင်းတွေကလဲ တရားဝင်တာမိတ်မဆက်ရသေးပေမဲ့ အသဲနဲ့
ပက်သက်မှုကိုသိကာကြည်ဖြူတာမို့ အသဲကိုချော့ဖို့တာကျန်တော့သည်။

*****************

ကိုကြီးဖေဖေနဲ့မေမေဟာ နွယ်အပေါ်မိဘအရင်းကဲ့သို့ချစ်ပေးသူတွေမို့ကိုကြီးနဲ့ထပ်တူဝမ်းနည်းရသည်။ခုလဲကိုကြီးကိုဆေးတိုက်တော့

"နွယ်လေး သမီးကြီးရဲ့ကောင်လေးကို ဘယ်လိုသဘောရလဲ ကိုယ်ကတော့သဘောတူတယ်အဖေနဲ့အမေ နာရေးမှာသူပဲသေချာလုပ်ပေးတာတဲ့သမီးကိုလဲ
ချစ်ရှာတယ်လို့ ဇန်မင်းကတောင်ပြောနေတာ"

"နွယ်လဲသဘောတူပါတယ် "

"သမီးငယ်အတွက်ပဲစိတ်မကောင်းတာ သမီးငယ်ကိုမပေါ့မပါးနဲ့မြင်ရတာကိုယ်စိတ်မကောင်းဘူးနွယ်"

"ကဲပါကိုကြီးစိတ်ညစ်စရာမတွေးပါနဲ့နော်"ဆိုကာ
ကိုကြီးကို ချော့မော့ထားရသည်။

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now