အပိုင်း(၁၀)
အိပ်ရာက နိုးနိုးချင်း ညက ခေါင်းမူးနေသည့် အိမ်ရှင်ဦးလေးကြီးကို ဖျတ်ကနဲ သတိရသွားသည်။
ဟုတ်သားပဲ။
ဦးလေးကြီးက ခေါင်းမူးနေတော့ ငါပဲ မနက်စာ ထ,ချက်တာ ကောင်းမယ်ထင်တယ်။
အခုရော ဦးလေးကြီး ခေါင်းမူးတာ သက်သာရဲ့လား မသိဘူး။
အခုထိ မသက်သာသေးရင်တော့ ဆေးခန်းပြဖို့ လိုနေပြီလေ။အိပ်ရာထဲက ထ,ပြီးမျက်နှာသစ်ဆပ်ပြာ၊ရေချိုးဆပ်ပြာဘူး သဘက်တွေကို ယူကာ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ရာသီဥတုက တအားမပူပေမယ့် အနည်းငယ်တော့ ပူစပ်ပူလှောင်ဖြစ်နေသည်။
ဒါကြောင့်ပဲ အိပ်ရာက နိုးနိုးချင်း ရေချိုးလိုက်မှ တစ်နေကုန် သက်တောင့်သက်သာ နေနိုင်မှာ ဖြစ်သည်။
ရေပန်းကို ဖွင့်လိုက်ရင်ပဲ အရာရာကို မေ့သွားရသည်။ဦးလေးကြီး နေမကောင်းတာကိုလည်း မေ့။မနက်စာ ချက်ပြုတ်ဖို့လည်း မေ့။အလုပ်သွားရမှာကိုလည်း မေ့။ဘာချက်ရမှာလဲ တွေးနေတာကိုလည်း မေ့။အလုပ်က ပြဿနာတွေကိုလည်း မေ့။
အပူအပင် အကုန်လုံးကို မေ့ပြီး ရေချိုးဆပ်ပြာနံ့မွှေးမွှးလေး၊ရှန်ပူနံ့သင်းသင်းလေး၊ရေ အေးအေး လေး ကိုသာ အရသာခံပြီး ဇိမ်ယူနေမိသည်။သီချင်းလေးပင် ညည်းလိုက်မိသေးသည်။ဘာပဲဖြစ်ဖြစ် ရေချိုးလို့လည်း ပြီးသွားရော အခု မနက်စာ ဘာချက်ရမှာလဲ?။ဦးလေးကြီးရော သက်သာရဲ့လား?ဆိုသည့် အတွေးက ခေါင်းထဲသို့ တန်းဝင်လာလေသည်။
အဝတ်အစား ဝတ်ပြီး ခေါင်းဖြီးကာ မီးဖိုခန်းထဲသို့ ဝင်လာခဲ့လေသည်။
"ဟင်"
မီးဖုတ်ပြီးကာစ မွှေးပြီး နီရဲနေသည့် ငါးရံ့ခြောက်တွေကို ထုထောင်းနေသည့် အိမ်ရှင် ဦးလေးကြီးကို မြင်လိုက်ရလေသည်။
"ဟော ရေချိုးလို့ ပြီးသွားပြီလား?
ထမင်း ခူး လိုက်တော့ ဘုန်းရေ၊
အခု မနက်တော့ ငါးရံ့ခြောက်ဖုတ်လေးကို ဆီရွှဲရွှဲေလးဆမ်းပြီး မနက်စာ စားကြရအောင် ချဉ်ပေါင်ရွက် အချဉ်ဟင်းလေးလည်း ကျက်ပြီ။ငရုတ်သီးဆားထောင်းလေးရော၊"ဦးလေးကြီး၏ စကားနှင့် စားပွဲပေါ်၌ တင်ထားသည့် ချဉ်ပေါင်ဟင်းရည်နှင့်ငရုတ်သီးဆားထောင်းတို့ကို ကြည့်ကာ သွားရည်ကျရလေသည်။
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Teen Fictionအင်း တယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျတော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ?။ ဘုန်းဇေယျာ