Chapter 28🐹

Começar do início
                                    

ပညာရှိသည် အခြေအနေပေါ် မူတည်၍ ပြုမူတတ်လေသည်။ ကျန်းချိုးသည် ချက်ချင်းပင် သူ၏ခြေထောက်အား ပြန်ရုတ်လိုက်ပြီး အဝေးတွင်ရှိသည့် ဇွန်ဘီများအား ကြည့်လိုက်သည်။

“ဒီနေ့တော့ ဒီလောက်ပဲပေါ့..”

နျဲ့ရှောင်သည် ကျန်းချိုး ခြေပြန်ရုတ်လိုက်သည်ကို မြင်လိုက်သည်။ ထို့ကြောင့် မကြာမီမှာပင် ကျန်းချိုးအား ပြောခဲ့သည့် စကားကို စိတ်ထဲမထားတော့ပေ။ နျဲ့ရှောင်သည် ဇွန်ဘီများအား သတ်ဖြတ်နေသည့် ဝူဝမ်ချီထို့အား ကူညီရန် လှည့်ထွက်သွားပြီး ဝိုင်းရံခံထားရခြင်းမှ လွတ်မြောက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

ပိုင်မေ့သည် နံဘေးတွင် ရပ်နေရင်းဖြင့် ထိုလူနှစ်ယောက်၏ တိုက်ပွဲအား နှုတ်ခမ်းထောင့်များ မြင့်တက်ကာဖြင့် တစ်ချိန်လုံး အာရုံစိုက်နေသည်။ချ အတိုက်အခိုက် ရပ်စဲလိုက်သည်ကို မြင်တွေ့သည့်အခါ သူ၏ မျက်လုံးများထဲတွင် မမြင်နိုင်သည့် စိတ်ပျက်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်။

နျဲ့ရှောင်၏လက်ထဲတွင်  ထပ်မံစုဆုံလာသည့် လျှပ်စီးကြောင်းများအားကြည့်ကာ ပိုင်မေ့မှာ ထိန်းချုပ်မရနိုင်ဘဲ မျက်လုံးများ တဖြတ်ဖြတ် တောက်ပလာပြီး မသိစိတ်ဖြင့် နှုတ်ခမ်းများအား သပ်လိုက်သည်။

ဝူဝမ်ချီတို့သည် အရူးကောင်ကျန်းချိုးအား အနိုင်ယူခဲ့သည့် နျဲ့ရှောင်ကိုမြင်သည့်အခါ ပျော်ရွှင်မိကြသည်။ ထို့နောက် နျဲ့ရှောင်တို့အဖွဲ့သည် အတူတကွ ပေါင်းစပ်ကာ ဇွန်ဘီများအား သတ်ဖြတ်ရင်း လမ်းဖောက်နေကြသည်။

သို့သော်လည်း ထိုအခိုက်အတံ့မှာပင် ဇွန်ဘီအုပ်ထဲမှ ဇွန်ဘီတစ်ကောင်သည် ရုတ်တရက်ဆိုသလို သွေးရူးသွေးတန်း အခြေအနေသို့ ရောက်ရှိသွားပြီး သူ၏ပတ်လည်ရှိ အဆင့်နိမ့်ဇွန်ဘီများအား စတင်ကိုက်ဖြတ်လေသည်။

ထို့နောက်တွင် ဇွန်ဘီများ တစ်ကောင်ပြီးတစ်ကောင် သွေးရူးသွေးတန်း အခြေအနေသို့ ရောက်ရှိသွားကြပြီး အဆင့်နိမ့်ဇွန်ဘီများအား စတင်ကိုက်ဖြတ်ကြသည့်အတွက် သူတို့၏ ခွန်အားမှာ သိသိသာသာ တိုးမြင့်သွားလေသည်။

  ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)Onde histórias criam vida. Descubra agora