အပိုင်း (၁၃)

Start from the beginning
                                    

ကျွန်တော်က အစ်ကို့အကြည့်စူးစူးများဖြင့် ရင်မဆိုင်နိုင်သည်မို့ ခေါင်းကို ငုံ့လိုက်မိတော့....
အစ်ကိုက ချက်ချင်းစိတ်မရှည်သလို ကျွန်တော့်မေးဖျားမှ ကိုင်ထားသည့် သူ့လက်ကို တစ်ဖန်ပြန်ပြီး မော့စေသည်....။

"ငါ့ကိုပဲ ကြည့်... မင်းမျက်လုံးရဲ့ အကြည့်တွေမှာ ငါပဲ ရှိနေရမယ်...။ ငါက လွဲပြီး ဘေးကို ကြည့်ရဲရင် ကြည့်လိုက်စမ်း...."

အစ်ကိုက သူ့ဓားသွားကို ကျွန်တော့်ပါးပြင်အနား ကပ်လာသည်မို့ ကျွန်တော်လည်း နံဘေးသို့ အကြည့်မလွှဲရဲဘဲ အစ်ကို့ကိုသာ ကြည့်နေလိုက်မိသည်...။ အစ်ကိုကတော့ ကျွန်တော့်ကို စူးစိုက်စွာ ကြည့်နေရင်းမှ....

"ဓားနဲ့ ဆယ်ချက်လောက် ပွေ့ထိုးချင်လိုက်တာ...။"

အစ်ကိုက ပြောလေတော့ ကျွန်တော့်မှာ အသက်တောင် မရှုဝံ့တော့...

ကျွန်တော့်မျက်နှာကို အစ်ကိုက အသေးစိတ် ရှုစားနေရင်းမှ ကျွန်တော့်မျက်နှာကို မော့စေကာ သူ့ကို ကြည့်ခိုင်းသည်...။

"ပြော... နောက်တစ်ခါဆို ဒီခြေထောက်က ငါမသွားခိုင်းတဲ့ နေရာတွေကို သွားမှာလား?"

"ဟင့်အင်း... ပျိုးငယ် တောင်းပန်ပါတယ် အစ်ကို...။ အဲ့ဒါက ပျိုးငယ်က ရုတ်တရက်မို့ပါ..."

"ဒါပေမယ့် မင်းက အာရုံစိုက်မှုတွေ အများကြီး ရလိုက်တာ...။ ငါပိုင်တဲ့ ဒီမျက်နှာကို လူတွေအများကြီးက ကြည့်ခဲ့တာမျိုး မလား?မင်းကို ငါက လူများတဲ့ နေရာတွေကို မသွားဖို့ မှာထားခဲ့ပြီးသား...။ ငါက စကားနဲ့ တားမရင်လည်း... ဘာထူးလဲ? ငါ့ဆီက အဲ့လို ထွက်ထွက် မသွားနိုင်အောင်... ဓားနဲ့ မွှန်းလိုက်ရမလား? ဒါမှမဟုတ်... တစ်ခါတည်း အရိုးချိုးလိုက်ရမလား?"

အစ်ကိုက ကျွန်တော့်ခြေချင်းဝတ်ကို ကိုင်ကာ ဖိဆုပ်ထားသည်...။ အမှန်တကယ်ကို ချိုးပစ်လိုက်ဖို့ ကြံရွယ်နေခဲ့တာ ဖြစ်နိုင်သည်...။

"မဟုတ်ဘူး အစ်ကို.. စိတ်လျှော့ပါနော်...။ ပျိုးငယ်က အခု အစ်ကို့အပိုင်ပဲလေ...။ အစ်ကိုပဲ ဆိုင်တဲ့ သူပါ...။"

"ဒါကို ဒီမျက်နှာကို ဘာလို့ လူတွေအများကြီးကို မြင်စေခဲ့တာလဲ? ငါ့အပိုင်ဆိုမှာတော့ ငါပဲ မြင်ခွင့်ရှိရမှာပေါ့.."

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now