1:ပထမဆုံးသော

Start from the beginning
                                    

ယခင် ခေါင်းဆောင်ကြီး ရှိစဉ်ကလိုပင် မိမိ၏ ရှေ့တည့်တည့် နေရာယူ မတ်တပ်ရပ်နေသော
ညာဘက်လက်ဟု အများကဆိုကြသည့် မိုတို(Moto)သည်လည်း
အနည်းငယ် မတည်ငြိမ်နေတာကို တွေ့ရလေသည်။

ကံကောင်းစွာပင် ဂိုဏ်း၏ အကြီးဆုံးအင်အားများဖြစ်သည့်
မိမိရော မိုတို ပါ ဂိုဏ်း၏နေရာကို လုယူဖို့ ဆန္ဒမရှိကြခြင်း။
မိမိတို့ဘဝက တစ်ကနေ စကာ ကူညီကယ်တင်ပေးခဲ့သည့် ခေါင်းဆောင်၏ ဆန္ဒများကို
ဖြစ်မြောက်အောင် တာဝန်ယူကြရဦးမည်။

---------------------
"ခေါင်းဆောင်
တစ်ယောက်တည်း ကျောင်းသွားဖို့က အဆင်မပြေဘူးထင်တယ်နော်
ကျွန်တော် တို့ အနောက်က လိုက်ရမှ အဆင်ပြေလိမ့်မယ်"
"ခဲဂျိ
ကျွန်တော် တက္ကသိုလ်တက်ရင် အနောက်က မလိုက်ရဘူးလို့ ကတိပေးထားတယ်လေ
ပြီးတော့
ကျွန်တော့ ဒီပုံစံကို ဘယ်သူက တရှိရို လို့ထင်မှာလဲ"
ခေါင်းဆောင်၏ အပြောကြောင့်အနီးရှိတပည့်တွေအားလုံးက ခေါင်းဆောင်ဆီ မျက်လုံးရောက်လာကြသည်။
ရှပ်အင်္ကျီ အနက်ကွက် ခပ်မှိုင်းမှိုင်းနှင့် ဂျင်းဘောင်းဘီ အနက်ကို ခပ်ရှင်းရှင်းသာဝတ်ဆင်ထားပြီး
ဆံပင်ခပ်အုပ်အုပ်က အလုပ်လုပ်သည့်အချိန်နှင့် ကွာခြားစွာ အနည်းငယ် ဖွာလန်နေသည်။
မျက်နှာထက်တွင် မျက်မှန် ဝိုင်းဝိုင်းတစ်လက်က နေရာယူထားလေသည်။

နှစ်ကာလတစ်ချို့ကို ကုန်ဆုံးပြီးသည့်နောက်
မစတို အသက် ၂၀ ပြည့်ခဲ့လေပြီ။

ခဲဂျိတစ်ယောက် သက်ပြင်းချလိုက်ရင်း
"ဒါဆိုလည်း ကျွန်တော် တို့ ကျောင်းအပြင်မှာတော့ နေရာယူစောင့်နေပါ့မယ်တစ်ခုခုထူးတာနဲ့ ဖုန်းခေါ်ပေးပါ "
"အင်း ဟုတ်ပြီ"
ပိုင်ဆိုင်ထားသည့် ငွေကြေး အဆင်တန်ဆာများနှင့်လုံး၀ မအပ်စပ်သော ကျောပိုးအိတ် ခပ်နွမ်းနွမ်းကို လွယ်ကာ
ကားပေါ်တက်သွားသည့် ခေါင်းဆောင်၏ ကျောပြင်ကို ကြည့်ကာ
ဒီနှစ်တွေထဲ ကျင့်သားရလာသည့် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်သော သက်ပြင်းကို ခဲဂျိ ချမိရတော့သည်။
မိခင် ဖခင်တို့နှင့်မတူဘဲ ဘာကြောင့်များ မစတို က နူးညံ့နေရသည်လဲ။

------------------------
တမ(Tama) အနုပညာတက္ကသိုလ်ဒုတိယနှစ် ကျောင်းသားလေး မစတို
အသက်၂၀ပြည့်လာသည်နောက် ဂိုဏ်းနှင့်ပတ်သတ်သည့် လက်ဆင့်ကမ်းအလုပ်တွေကြောင့်
သူ ကျောင်းကိုသိပ်မရောက်။
အနုပညာတက္ကသိုလ်ဖြစ်သည့်အားလျော်စွာ စာသင်ရသည့်အတန်းများထက်
လက်တွေ့အတန်းများက များသည့်ကြောင့်
မစတိုက ကျောင်းတက်ရတာ အနည်းငယ် ပျော်သည်။
အတန်းချိန်အပြင်၊ အတန်းချိန်မရှိသော အားလပ်ချိန် နာရီပိုင်းလေးတွေကအစ
လွတ်နေသည့် ပန်းချီခန်းထဲတွင် တစ်ယောက်တည်း ပန်းချီဆွဲရတာကို ခုံမင်သည်။
ပေါင်းသင်းရခက်သည့် ပုံစံဖြစ်ဟန်ပေါ်တာကြောင့်
မစတို ကို စကားစမည် ပြောမည်သူတောင်မရှိ။
ဒါလဲ တစ်ခုအဆင်ပြေလေသည်။
မစတို လို လူအတွက်က အပေါင်းအသင်းရှိလို့မဖြစ် ဟု ငယ်စဉ်ကပင်
ခေါင်းထဲရိုက်သွင်းခံထားရပြီးသားဖြစ်လေသည်။

TitlelessWhere stories live. Discover now