“စိတ်မဆိုးနဲ့ နော် .. မဝါရေ အိမ်ကလူကြီးက သမီး အသည်းစွဲလေ..

မဝါတို့ သိတဲ့အတိုင်းပဲသူက သူ့သမီးကို အခုထိ ကလေးလို စိတ်မချနိုင်ဘူးလေ …  မအောက်မေ့ပါနဲ့ ..မဝါတို့မိသားစု ဘယ်လို စိတ်ဓာတ်တွေ ရှိသလဲ အကြောင်းသိတွေပဲဟာ … “

“အို .. ရပါတယ်  .. မကြည်ရယ် စိတ်ထဲ မထားပါဘူး ..”

ရှေ့ကနေ မဝါက ပိတ်တော့မှ တစ်ချိန်လုံးငြိမ်လာသည့် သတို့သားလောင်းမျိုးကျော်သူက ထပြီ

“စိတ်တော့မဆိုးပါဘူး … ဒါပင်မယ့် မင်္ဂလာပွဲကိုတော့ မြန်မြန် ပြီးအောင် လုပ်ချင်တယ် ဗျာ..

ကျွန်တော်ကလည်း မန္တလေး ကြာကြာမနေနိုင် ခင်ခင်ကိုလည်း တစ်ယောက်တည်း  မထားခဲ့နိုင်ဘူးဆိုတော့လေ ..”

သမက်လောင်းစကားကြားသည်နှင့် ဒေါ်ကြည်စိန် တစ်ယောက် သမီးနဲ့ သမက် မျက်နှာ ကို တစ်လှည့်စီ အကြည့်ဝေ့ပြီ  စိတ်ထဲကနေ

“အောင်မယ်လေး .. အောင်မယ်လေး  ဒီအသက် ဒီအရွယ်ထိ ရောက်အောင် စောင့်ထိန်းလာပြီ အခုမှ တော်တော် အရေးပေါ်နေပုံပေါ်တယ် ဟို‌ကိုယ်တော်က..

ခင်ခင်တွေရော ခတ်ခတ်တွေရော ဖြစ်ကုန်ပြီ ..
အိမ်က သမီးကတော့  ငြိမ်ကုပ်လို့  မသိရင် လင်နောက် လိုက်ပြေးသွားတဲ့ မိန်းမက မိဘပေးစားလို့ လင်ယူရတော့မလို ရုပ်နဲ့ … “

ထိုစကားများကို ဒေါ်ကြည်စိန် စိတ်ထဲကနေသာ ပြောပြီ အပြင်ဖက်မှာတော့ မျက်နှာကို ပုံမှန်ကနေ အနည်းငယ်ပြုံးလိုက်ပြီ

“ဪ.. ဒါကတော့ ကာယကံရှင်တွေ စိတ်တိုင်းကြိုက် စီစဉ်ကြပါလေ..

ကာယကံရှင် တွေနှစ်ဦးစလုံး ဆိုတာ လည်း ငယ်တော့တဲ့ အရွယ်တွေမှ မဟုတ်တာ …

သမီးရှင်အနေနဲ့ ကတော့ ဘာမှ အတွန့်မတက် လိုပါဘူး ..”

တကယ့် ဆွေမျိုးအရင်းချာလိုနေနေသည့် ခမည်းခမက် အမျိုးတွေမို့သူ့ဖက် ကိုယ့်ဖက် သာတယ် နာတယ် မတွေးဘဲ စီစဉ်ကြဖို့ ပြင်ဆင်သည်..

ဒါ့ကြောင့်လည်း  မင်္ဂလာကိစ္စ ဆွေးနွေးခြင်းက အမြန်ပြီပြတ်သည် …

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now