ဖောက်ပြန်ခြင်း

Start from the beginning
                                    

ယောင်္ကျားလေးတွေဟာ အဲ့အတိုင်းဘဲလား

ယုံကြည်ပြီး ဘဝတစ်ခုလုံးကိုတောင် ပေးအပ်ခဲ့ပေမယ့် နောက်ဆုံးရလိုက်တဲ့ အရာဟာ ရည်းစားဟောင်းနဲ့ ပြန်လည်ပတ်သတ်ခြင်းတဲ့လေ

"ကိုယ်မှားပါတယ် ကိုယ်တောင်းပန်ပါတယ်"

ဒီစကားဟာလဲ အရာမထင်တော့

"ကိုယ်ထွက်သွားပေးမယ်လေ ကိုယ်အမှားကြီးမှားသွားပါတယ်"

"ကိုယ့်ကို မခွင့်လွှတ်ဖူးလား ကိုယ်မင်းကိုဘဲချစ်တာပါ"

(သူဟာ ဘာပြသနာဖြစ်ဖြစ် အမြဲ ထွက်သွားဖို့ကို ရွေးချယ်ခဲ့တယ် သူကိုယ်တိုင် အပြစ်လုပ်မိရင်တောင် အမြဲ သူထွက်သွားတယ်)

သူ့ကိုမုန်းပစ်ချင်တယ်

အပြင်ကိုတစ်ယောက်ထဲ ထွက်သွားတယ် ဆေးလိပ်တစ်ဗူးဝယ်တယ် ဘီယာလဲမပါမဖြစ်

(အိမ်ကလူတွေကိုပြောခဲ့တာတော့ သူငယ်ချင်းအိမ်မှာ အိပ်မယ် ဆိုပြီးတော့ပေါ့)

ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ်သောက်တယ် ရင်ဘတ်ထဲ အထိ ရောက်အောင် ရှိုက်တယ် မိန်းကလေးဖြစ်ပြီး ဆေးလိပ်မသောက်ရဘူးလို့ပြောတဲ့ သူ့အသံတွေ ကြားယောင်လာမိတယ် ဆေးလိပ်တွေ ရှိုက်လေလေ ပိုလွမ်းလေလေ

သူဟာ သူ့အမှားပါလို့ပြောပြီး ထွက်သွားခဲ့ပေမယ့် ကျန်နေခဲ့ရတဲ့သူဟာ အရူးတစ်ယောက်လို ငိုနေမိတယ် ပြန်လာဖို့လဲ ပြောချင်ပေမယ့် မှားတဲ့သူတောင်ထွက်သွားသေးတာဘဲ ဘာလို့ သက်ဖူး က ပြန်လာဖို့ပြောရမှာလဲ

နာကျင်ရတယ် အရမ်းဘဲ

________________________

ငိုနေမိတယ် ဘယ်သူမှ မသိအောင် ကျုံးဘေးက ထိုင်ခုံပေါ်မှာ ထိုင်ရင်း ဘီယာ ၅ဘူးလောက်ဝယ်လာခဲ့တာ အခုဆို ၂ဘူးတော့ကုန်သွားခဲ့ပြီ

တစ်ဖြည်းဖြည်း နဲ့ သူ့အကြောင်းတွေးတိုင်း သူနဲ့ သူ့ရည်းစားဟောင်းနဲ့ ဖြစ်ခဲ့တဲ့အရာကို တွေးမိသွားတိုင်း ငိုမိတယ်

အခုထိ သူဖုန်းမဆက်သေးပါ
သက်ဖူးကတော့ စောင့်နေပါသေးတယ်

အဲ့အချိန် ဖုန်းစိမ်းတစ်လုံးဝင်လာတယ်

"ဟယ်လို "

First Date Where stories live. Discover now