Part-2

1.3K 46 2
                                    

Unicode
ထက်လွန်းအမေ့ကိုအိမ်အလုပ်တွေကူလုပ်ပြီး ပြင်စရာရှိတာပြင်ကာ သူငယ်ချင်းနဲ့တွေ့ဖို့ ထွက်လာခဲ့သည်။

ခဏကြာအတွင်းချိန်းထားသည့်နေရာကိုရောက်သွားသည်။ ထိုနေရာကပန်းခြံတစ်ခု။ နေရာရွေးတာက သူငယ်ချင်းဖြစ်သူကရွေးတာမလို့ ထက်လွန်းနဲနဲကြောင်သွားသည်။ ဒီပန်းခြံက‌အတွဲတွေ ချိန်းတွေ့နေကျနေရာမလို့လေ။

အမေရိပ်မိမှာဆိုးလို့ စက်ဘီးနဲ့လာရပေမဲ့ စက်ဘီးထားရမဲ့နေရာမသိလို့ တစ်ယောက်တည်း ကြောင်ပျောက်နေတော့သည်။

"ထက်လွန်း‌ရောက်‌ပြိလား"

နောက်မှသူငယ်ချင်းရဲ့အသံကြောင့် လှည့်ကြည့်လိုက်သည်။

"အေး"

"စက်ဘိးထားဖို့နေရာမသိပြန်ဘူးလား...."

"ငါမှမရောက်ဖူးတာဟ!"

"အပျိုကြိး..."

"*ီးကိုအပျိုလား လူပျိုဟ"

သူငယ်ချင်းဖြစ်သူက ရယ်ပြလိုက်ပြီး စက်ဘိးထားရန်ကူညိလိုက်သည်။ ထို့နောက် ထက်လွန်းရဲ့လက်ကိုဆွဲကာပန်းခြံထဲလျှောက်ပတ်ကြည့် ဖို့ခေါ်သွား၏။

"ငါရွေးတဲ့နေရာလှတယ်နော်"

"အင်း လှတာမှ မသိရင်blကျလို့..."

"ဟားဟား မင်းပုံကအဲ့လိုဖြစ်နေတာလေ"

ထက်လွန်း သူ့ရဲ့သူငယ်ချင်းလက်ကိုဖြုတ်ချပြိး အသားကိုလိမ်ဆွဲလိုက်သည်။

"အား..နာတယ်ဟ"

"ပေါက်ကရပြောချင်အုံး"

"ဟုတ်ပါပီနောက်မပြောတော့ပါဘူးအဖေရယ်"

ထက်လွန်းဆွဲလိမ်ထားရာမှလွှတ်လိုက်ပြီး နှုတ်ခမ်းဆူပြကာ ခြေလှမ်းများကိုခပ်မြန်မြန်လျှောက်သွားသည်။ သူငယ်ချင်းဖြစ်သူကလဲနောက်မှ အမှီလိုက်လာ၏။

နေရာတစ်နေရာတွင် ထက်လွန်းခြေလှမ်းများရပ်တန့်သွားသည်။ အနောက်ကိုလှည့်လာပြီး သူငယ်ချင်းရဲ့လက်ကိုကိုင်လိုက်သည်။

"ရေခဲမုန့်၀ယ်ကျွေး"

"......"

"နော်~"

Psycho loveTahanan ng mga kuwento. Tumuklas ngayon