အပိုင်း(၁၀)

284 9 0
                                    

အပိုင်း ( ၁၀ )

ကီးမိုက်စကိုင်းသည် ခင်ဌားမောင်ဘေးနားကထပြေးကာ TV ရှေံမှာရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်

"ငါက ဗမာစကားကောင်းကောင်းပြောတက်တယ် ခင်က မမနဲ့မရင်းနှီးစေချင်လို့ ငါ့ကို လိမ်ခိုင်းခဲ့တာ ငါက မာမီ့သွေးအပြည့်ဘဲ !"

ရင်ဖက်ကိုပုတ်ပြကာ ဗမာလိုပြောနေသည့် ကီးမိုက်စကိုင်းကို ယဉ်နှိုင်းမေ မျက်တောင်မခက်ဘဲကြည့်နေမိသည်။
ထို့နည်းတူ ခင်ဌားမောင်သည် ယဉ်နှိုင်းမေကို စိုးရိမ်စွာကြည့်နေသည်။

"ဘာ.."

ယဉ်နှိုင်းမေက အံ့ဩသလို ၊ ရုတ်တရက်ဆန်သည့် စကားတွေကြောင့် 'ဘာ' ခနဲ အသံပြု၍ ခင်ဌားမောင်ကိုကြည့်သည်။

"နှိုင်း မောင်ရှင်းပြမယ်"

ယဉ်နှိုင်းမေသည် ခင်ဌားမောင်ဆီက အကြည့်လွှဲကာ

"မင်းပြန်ပြောမိုက်"

ကီးမိုက်စကိုင်းသည် ဆရာကြီးလိုလို လက်ပိုက်၍

"ငါဒီကိုမရောက်ခင်ထဲက ခင်က ငါ့ကို ဆက်သွယ်တယ် ငါ့ကိုဗမာစကားမတက်တဲ့ပုံနဲ့နေခိုင်းပြီး ဗမာလိုမပြောရဘူးလို့ ပြောတယ် ပြောသေးတယ် နှိုင်းနဲ့ ရင်းရင်းနှီးနှီးမနေနဲ့တဲ့ ငါ့ဆီက ဓာတ်တွေ ကူးကုန်မယ်တဲ့ ဟန့် ငါကတိမတည်တာမဟုတ်ဘူး ကတိကိုမပေးခဲ့တာ "

ခင်ဌားမောင်သည် ကီးမိုက်စကိုင်းကို ခေါင်းအုံးနှင်ပစ်ပေါက်လိုက်သည်။

"ဒါပေမဲ့ မမ ငါသိသွားတာက ငါတို့ကိုတောင် နှစ် ရာခိုင်နှုန်းလေးတောင် ဂရုမစိုက်တဲ့သူက မမကို ရေတွက်လို့မရတဲ့ ရာခိုင်နှုန်းလောက်ဂရုစိုက်တယ် ဟူးးအချစ် အချစ်"

လူကြီးတစ်ယောက်လိုသက်ပြင်းချရင်း ညည်းငြူသွားသည့် ကီးမိုက်စကိုင်းက အိမ်ပေါ်တက်သွားသည်။

"မောင်ပြောပြမယ် နှိုင်း"

ယဉ်နှိုင်းမေသည် ခင်ဌားမောင်ကို ခေါင်းငြိမ့်ပြသည်။

"အဲ့ကောင်လေးက သိပ်ပြီးရိုင်းတယ် ပြီးတော့ မျောက်လိုဘဲ အဲ့တာကြောင့် မောင်က လိမ်ခိုင်းတာတော့မဟုတ်ပါဘူး နှိုင်းဆီ ကူးသွားမှာ စိုးရိမ်လို့ပါ"

နှိုင်း..Where stories live. Discover now