( 6 ) U / Z

16.9K 838 76
                                    

U~

'မြူငယ်' အိပ်ယာနိုးလာတော့ တဆစ်ဆစ်ကိုက်‌
နေသည့်ခေါင်းကြောင့် နားထင်တို့အား ဖိနှိပ်ရင်းထထိုင်လိုက်သည်။ ထိုအချိန်တွင် 'လွမ်း' က အပေါ်ပိုင်းဗလာဖြင့် ခါးတွင်တဘက်တစ်ထည်ထဲသာ ပက်ထားကာ ရေချိုးခန်းက ထွက်လာသည်။ 'လွမ်း' ၏ ဗိုက်သားပေါ်က Eight packsကို ကြည့်ကာ 'မြူငယ်' အလွန်သဘောကျနေမိသည်။ သူလည်း အဲ့ဒီလိုတွေပိုင်ဆိုင်ချင်ပါသည်။ သို့ပေမယ့် Gym ကစားရန်ပျင်းသလို မုန့်စားရတာကိုပဲ ပိုကြိုက်သည့်သူ့အတွက်ကတော့ မဖြစ်နိုင်ပါ..ဗိုက်သားကိုကြည့်နေရာကနေ 'လွမ်း' ၏မျက်နှာကိုမော့အကြည့်..
နှုတ်ခမ်းသားဆီအကြည့်ရောက်တော့ ညကကိစ္စတွေကမျက်လုံးထဲပြန်မြင်လာကာ မျက်နှာတစ်ခုလုံးရဲတွက်လာသည်။

" ရေသွားချိုးတော့.. "

'လွမ်း' ကထိုသို့ဆိုကာ Dressing Room ဘက်ကိုဝင်သွားတော့မှ 'မြူငယ်' ရေချိူးခန်းထဲကိုထပြေးမိသည်။

'မြူငယ်' ကျောင်းဝတ်စုံလဲပြီး အပြင်ထွက်လာတော့ 'လွမ်း' က လေမှုတ်စက်ကိုင်ကာ စောင့်နေသည်။ ကျောင်းသွားရန်အကုန်လုံးပြင်ဆင်ပြီးသွားသည်အထိ 'လွမ်း' ကစကားတစ်ခွန်းမှ မပြောလာသဖြင့် 'မြူငယ် လည်းငြိမ်နေလိုက်သည်။ 'လွမ်း' ကပုံမှန်အတိုင်းသာနေနေသဖြင့်
'မြူငယ်' လည်းစိတ်ထဲက ထုတ်ဖို့ရာ တွေးလိုက်သည်။ နှစ်ယောက်စလုံး မူးနေလို့ဖြစ်သွားတဲ့ကိစ္စပဲလေ....

'မြူငယ်' ကျောပိုးလွယ်အိတ်ကိုလွယ်ကာ အပြင်ထွက်ရန်ပြင်လိုက်တော့ 'လွမ်း' က 'မြူငယ်' ၏လက်မောင်းကိုလှမ်းဆွဲကာ မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် လှည့်လိုက်သည်။ ထို့နောက် အနားကပ်လာသဖြင့် 'မြူငယ်' 'လွမ်း' ကိုမော့အကြည့် 'လွမ်း' ၏နှုတ်ခမ်းတွင် အကြည့်တို့ကရပ်သွားကာ ရင်ဘတ်ထဲက အူကြောင်ကြားကောင်က တစ်ဒုန်းဒုန်းတစ်ဒိုင်းဒိုင်းနှင့် ခုန်ပေါက်လာသည်။

'လွမ်း' က အိတ်ကပ်ထဲကပလာစတာတစ်ခုကို ထုတ်ကာ 'မြူငယ်' ၏အနားကိုတိုးကပ်၍ လည်ပင်းတွင်အရာထင်နေသည့် နေရာအားကပ်ပေးလာသည်။ နီးကပ်လွန်းနေသည့်အနေအထားကြောင့် 'မြူငယ်' အသက်ရှုသံတွေမြန်နေသလို
ကိုယ့်ကိုကိုယ်လည်း ကျိန်ဆဲနေမိသည်။ 'လွမ်း' နှင့်သူ နီးနီးကပ်ကပ်နေလာတာ ဆယ်နှစ်...အခုမှ ရင်ဘတ်ထဲက အကောင်က ဘာထပေါက်နေသည်မသိ....

You're My Beloved ( COMPLETE )Where stories live. Discover now