ဦးနေရိပ် ခဏသွားအနားယူဖို့ သူ့အခန်းထဲသို့ ဝင်သွားသည်။

ရိပ် သူ့လက်ထဲက ဇွန်းကို ချလိုက်ပြီး သူ့ခြေထောက်က ကြိုးတွေကို အမြန်ဖြည်ပစ်လိုက်သည်။ ထို့နောက် အခန်းပြင်၌ သက်တော်စောင့်တွေ ရှိနေတာကြောင့် ပြတင်းပေါက်က ခိုးထွက်ဖို့ ကြံသည်။

သူ့ခန္ဓာကိုယ်က ရုတ်တရက်ကြီး နာကျင်လာပြန်တာကြောင့် ရိပ် ပြတင်းပေါက်ကိုတောင် မကျော်နိုင်ဖြစ်သွားကာ ခွေယိုင်သွားရသည်။ ကြည့်ရတာ တေဇ တစ်ခုခု ဖြစ်နေပြန်ပုံပင်။ ထို့ကြောင့် သူ အခန်းပြင်သို့ ဇွတ်ပြေးထွက်လိုက်မိချိန် သူ့လူတွေနဲ့ တည့်တည့်တိုးရတော့သည်။

"ဖယ်စမ်း၊ ငါ အခု အပြင်သွားရမှ ဖြစ်မယ်"

"မရပါဘူး၊ ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"

ဧည့်ခန်းထဲက ဆူညံသံတွေကြောင့် ဦးနေရိပ် အခန်းပြင် ပြန်ထွက်လာခဲ့ကာ ရိပ် ပုန်ကန်နေတာကို မြင်လိုက်ရတာမို့ နဘန်ကျင်းပြီး ဆုံးမလိုက်ရ၏။

"မင်း တော်တော် ယောက်ျားလိုချင်နေတာလား၊ အခန်းထဲ ပြန်ဝင်စမ်း"

"ကျွန်တော် ခဏပဲ သွားပါရစေ၊ ပြီးရင် ပြန်လာပါ့မယ်"

ဦးနေရိပ် သူ့လူတွေကို ရိပ်ကို ချုပ်ခိုင်းထားကာ မီးဖိုချောင်ထဲ ဝင်သွားပြီး ဓားတစ်ချောင်း သွားယူလိုက်သည်။

"ထွက်ရဲထွက်ကြည့်၊ မင်းကို အခု ခြေမချိုးသေးဘူး၊ ခြေဖဝါးကို ဓားနဲ့ ခွဲပစ်မယ်၊ ငါ့အကြောင်းသိတယ်နော် နှောင်ကြိုးရိပ်"

သက်တော်စောင့်တွေ သခင်လေးကို ဖမ်းချုပ်ထားရရင်း ရင်တမမ ဖြစ်ရလျက်ရှိ၏။ ငယ်ငယ်ကတည်းက ဒီသ‌ခင်လေးပဲ ခဏခဏ အရိုက်ခံနေရတာ ဖြစ်သည်။

ကြမ်းပေါ်၌ ဒူးထောက်ရက်အနေအထားဖြင့် ဖိချုပ်ခံထားရသည့် ရိပ်တစ်ယောက် သူ့မျက်စိရှေ့က ဓားကို မြင်လိုက်ရချိန်၌ မကြောက်သော်လည်း ခန္ဓာကိုယ်က နာကျင်မှုကြောင့် ပုံကျသွားသည်။ သူ့ခြေဖဝါးကိုတော့ ဓားနဲ့ အခွဲမခံချင်တာကြောင့် သူ ထပ်မရုန်းတော့ပေ။

"မသွားတော့ဘူး၊ ကျွန်တော့်ကို နာအောင် ထပ်မလုပ်ပါနဲ့"

ထိုကောင်လေး ငြိမ်မှပဲ သူ ဓားကို ပြန်သိမ်းလိုက်ပြီး-

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now