အခန်း - ၁၃ ( U + Z )

23.4K 997 126
                                    

Unicode

"ဘာကိစ္စရှိလို့လဲ ကိုစိုင်းလွှမ်း ကျွန်မတို့တွေ့စရာအကြောင်းမရှိဘူးထင်တယ်"

"စိတ်လျှော့ပါ မမ ရယ် .. အခုလာတာက ဒေါ်တင်မမမောင် ကို ဂုဏ်ပြုမလို့ပါ ၊ ဂုဏ်ယူပါတယ် ဒေါ်တင်မမမောင် ကျွန်တော့်ရဲ့ လက်ထပ်ခွင့်တောင်းတာကို ငြင်းပြီး နံပြားချင်း ရိုက်တဲ့အတွက်"

စိုင်းလွှမ်း၏စကားကြောင့် တင်မမမောင် မျက်မှောင်ကြုံ့လေသည် ။ ထို့နောက် ထိုင်ရာမှထကာ ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး

"အဟင်း .. ပထမဦးဆုံး အချက်အနေနဲ့ ရှင့်ရဲ့ လက်ထပ်ခွင့်တောင်းတာကို ကျွန်မ ငြင်းခဲ့တယ်နော် ဘာဖြစ်လို့လဲ သိသလား တင်မမမောင် က ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်နိုင်တယ် ၊ ကိုယ့်ပိုက်ဆံကိုရှာစားနိုင်တယ် ဘယ်သူ့ခြေထောက်ပေါ်မှမရပ်တည်ဘူး ဘယ်သူ့ကိုမှမမှီခိုတတ်လို့ပဲ"

ထိုစကားကို တင်မမမောင် ဟာပြုံးရင်းပြောလေသည်။

"ဒုတိယတစ်ချက် နံပြားချင်းရိုက်တယ် ... ဟက်! ဟုတ်တယ် ကျွန်မနံပြားချင်းရိုက်တယ် ၊ ယောက်ျားတစ်ယောက်ကိုယူပြီး ကုတင်ပေါ်မှာပက်လက်နေရမယ့်အစား နံပြားချင်းရိုက်တာကပိုစိတ်ချမ်းသာရတယ် အင်း .. ရှင်သဘောပေါက်အောင်ပြောရရင် ကျွန်မယူထားတဲ့မိန်းကလေးက ရှင့်ထက်အများကြီး ဆွဲဆောင်မှုရှိလို့ပဲ"

ဦးစိုင်းလွှမ်း သည် ချက်ချင်းပင်မျက်နှာပျက်သွားသည် ။ ထို့နောက် တင်မမမောင် အား စူးစိုက်ကာကြည့်ရင်း

"မမ မြန်မာပြည်မှာလေ လိင်တူချင်းလက်ထပ်လို့မရဘူး ၊ လိင်တူချင်းလက်ထပ်တဲ့ ဥပဒေ မရှိဘူး ၊ မမတို့က ဥပဒေ ကိုဆန့်ကျင်ပြီးလိင်တူယူထားကြတာ ၊ ဟက်! စိုင်းလွှမ်းအကြောင်းကို မမ အသိဆုံးပါ ကျွန်တော်ကလေ လိုချင်ပြီဆို မရရအောင် ယူတတ်တဲ့ကောင် ၊ မမ ကအရင်ကလည်း ကျွန်တော့်အပိုင် နောက်လည်းကျွန်တော့်အပိုင်ဖြစ်လာမှာပဲ ၊ မမ လက်ထပ်ထားတဲ့ သူက ငယ်ငယ်လေးနော် တစ်ချိန်ကျရင် သူချစ်တဲ့သူနောက်တစ်ယောက်ပေါ်လာရင် မမ ကျန်ခဲ့မှာ အဲ့ဒီအခါကျရင်တော့ ဟောဒီက စိုင်းလွှမ်းက မမ ကို အဆင်သင့်ကောက်စားလိုက်ရုံပဲ ၊ ကျွန်တော် မမ ကို မရရအောင် ယူမှာ ဒါကိုတော့ မမ သိထားပါ ကျွန်တော့်ကိုခွင့်ပြုပါဦး"

Mommy Wife (Completed)Место, где живут истории. Откройте их для себя